အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းထားသည့် နိုင်ငံတော်ပိုင်စက်ရုံများအား ပြန်လည်လည်ပတ်နိုင်ရေး အတွက် ကုန်ကြမ်းများရရှိမှု၊  သွင်းအားစုများရရှိမှုနှင့် ဈေးကွက်ရရှိရေးအပေါ် သုံးသပ်တွက်ချက်၍  ဆောင်ရွက်သွားရမည်ဖြစ်ပြီး  ထုတ်ကုန်များကိုလည်း   အရည်အသွေး ပြည့်မ


 

နေပြည်တော်   စက်တင်ဘာ   ၇


ပြည်ထောင်စုသမ္မတ      မြန်မာနိုင်ငံတော်    အိမ်စောင့်အစိုးရအဖွဲ့   အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) ကို  ယနေ့မွန်းလွဲပိုင်းတွင်   နေပြည်တော်ရှိ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊       ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့       နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်   တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ် ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊  ဦးဝဏ္ဏမောင်လွင်၊  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊   ဦးချစ်နိုင်၊  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊    ဦးအောင်နိုင်ဦး၊  ဦးကိုကိုလှိုင်၊   ဒေါက်တာ ဒေါ်သီတာဦး၊            
ဦးမောင်မောင်အုန်း၊     ဦးကိုကို၊    ဦးတင်ထွဋ်ဦး၊   ဦးလှမိုး၊  ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊     ဦးအောင်သန်းဦး၊     ဒေါက်တာ ချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊       ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊  ဦးမင်းသိန်းဇံ၊  ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊  ဒေါက်တာ ဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်တို့        တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊     တိုင်းဒေသကြီးနှင့်    ပြည်နယ်ဝန်ကြီးချုပ်များက   Video Conferencing စနစ်ဖြင့်      ချိတ်ဆက် တက်ရောက်ကြသည်။
 အတိုင်းအတာတစ်ခုအထိအောင်မြင်
ဦးစွာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊        နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က   အဖွင့်အမှာစကား  ပြောကြားရာ တွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့်  တာဝန်ထမ်းဆောင် သည်မှာ      ၇ လတာကာလရှိပြီး        လုပ်ငန်းများ ဆောင်ရွက်ချိန်တွင်      ပြည်တွင်း၊   ပြည်ပဆိုင်ရာ အခက်အခဲများကြားမှ      ဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊    အစိုးရတစ်ရပ်၏တာဝန်သည်    နိုင်ငံ သာယာဝပြောစေရန်       ဆောင်ရွက်ကြခြင်းဖြစ် ကြောင်း၊    မိမိတို့   တာဝန်ယူဆောင်ရွက်ချိန်ကာလ အတွင်း  နိုင်ငံရေးအရ  တည်ငြိမ်မှုရှိအောင် ကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့  ကမ္ဘာနှင့်အဝှမ်း  ဖြစ်ပွား နေသည့်    ကိုဗစ်-၁၉ ကပ်ရောဂါ    တတိယလှိုင်းအား ရင်ဆိုင်ကျော်လွှားနေရသည့်     အချိန်ဖြစ်သဖြင့် အခက်အခဲများရှိကြောင်း၊ မိမိတို့နိုင်ငံ၌ ဇွန်၊ ဇူလိုင်လ များတွင် တတိယလှိုင်း စတင်ဖြစ်ပွားခဲ့ပြီး အခက်အခဲ များ        ဖြစ်ပေါ်ခဲ့သော်လည်း      တာဝန်ရှိသည့် ခေါင်းဆောင်များ၏   မဆုတ်မနစ်သည့်   ဇွဲ၊  လုံ့လ၊ ဝီရိယဖြင့်  ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် ပြည်သူများ၏ အခက်အခဲများကြားမှ အပြည့်အဝပူးပေါင်းဆောင် ရွက်မှုများကြောင့်       အတိုင်းအတာတစ်ခုအထိ  အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း။
အထူးအလေးပေးဆောင်ရွက်
ကိုဗစ်-၁၉   ကပ်ရောဂါသည်    ကမ္ဘာပေါ်တွင် လက်ရှိအချိန်အထိ ကူးစက်မှုနှုန်းများ မြင့်တက်လျက် ရှိနေသေးကြောင်း၊          အာဆီယံနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံသည်   ကူးစက်မှုအများဆုံးဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသည်  ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် အာဆီယံနိုင်ငံများတွင် ဆဋ္ဌမမြောက်    ကူးစက်မှုအများဆုံး    နိုင်ငံဖြစ်ပြီး စက်တင်ဘာ ၆ ရက်အထိ     ကူးစက်သူ ၄၁၇၀၀၀ ကျော်ရှိပြီး  သေဆုံးသူ ၁၅၉၈၅ ဦးရှိကြောင်း၊ ပြီးခဲ့ သည့် ဇူလိုင်လဆန်းပိုင်းတွင် ကူးစက်မှုနှုန်းများ ၄၀ ရာခိုင်နှုန်းအထိ    မြင့်တက်ခဲ့သဖြင့်   မိမိတို့အနေဖြင့် ကူးစက်မှုရာခိုင်နှုန်း  ခေါက်ချိုးအထိ     ကျဆင်းစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ  ယခုအခါ ၁၀ ရာခိုင်နှုန်း ခန့်သာ ကူးစက်မှုရှိသည်ကို တွေ့ရှိရကြောင်း၊  မိမိတို့ အနေဖြင့်   ရောဂါကူးစက်မှုနှုန်းများကို ထိန်းချုပ်နိုင် ရန်အတွက်    ရောဂါပိုးဆေးစစ်မှုများမှစ၍   အထူးအလေးပေးဆောင်ရွက်ခဲ့ကြောင်း၊    ရောဂါကူးစက်မှု နှုန်းများ ကျဆင်းသွားသော်လည်း လက်ရှိအချိန်တွင် လုံးဝပျောက်ကင်းသွားနိုင်သည့်   ရောဂါ မဟုတ်သည့် အတွက် ပေါ့ဆ၍မရကြောင်း၊    ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော   မိန့်ခွန်းတွင်ပါရှိသည့်  လှေပြိုင်ပွဲ ဥပမာအတိုင်း ပန်းတိုင်မရောက်ခင် တက်ထောင် သဖြင့် နောက်လှေမှ  ကျော်တက်သွား၍ အောင်မြင်မှု နှင့် လွဲချော်နိုင်သည်ကို    သင်ခန်းစာယူ၍   မဖြစ်သင့် မဖြစ်ထိုက်သည်များမဖြစ်အောင်     သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့်       တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အထူးအလေးထား ဆောင်ရွက်ကြရန်လိုကြောင်း။
စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်နေ
နိုင်ငံတစ်ခု၏     အဓိကမောင်းနှင်အားသည် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အားနှင့် ကာကွယ် ရေးအင်အားတို့ပင်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဩဇာ အင်အားတောင့်တင်းသည့်  နိုင်ငံများသည် နိုင်ငံရေးအရအင်အားတောင့်တင်းသည့်နိုင်ငံ၊ စစ်အင်အားရှိ သည့် နိုင်ငံ၊ စီးပွားရေးအင်အားရှိသည့်  နိုင်ငံများပင် ဖြစ်ကြောင်း၊ နိုင်ငံရေးအရ  ဩဇာအာဏာရှိအောင် လည်း ကြိုးပမ်းဆောင်ရွက်ရကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်မှုရှိရန်အတွက်  ကမ္ဘာ့နိုင်ငံများအချို့တွင် လည်း   စဉ်ဆက်မပြတ်   ကြိုးပမ်းဆောင်ရွက်နေကြ ကြောင်း၊   စစ်ရေးအရ   အင်အားတောင့်တင်းသည့် နိုင်ငံများ၊   စီးပွားရေးအရ   တောင့်တင်းသည့် နိုင်ငံ များရှိကြကြောင်း၊ နိုင်ငံရေးနှင့်ကာကွယ်ရေးအတွက် Institution    များက  ဆောင်ရွက်ကြရကြောင်း၊ သို့သော်နိုင်ငံ၏စီးပွားရေးအတွက် တစ်နိုင်ငံလုံးက ကြိုးစားဆောင်ရွက်ကြခြင်းဖြစ်ပြီး     စီးပွားရေး၏ အကျိုးအား  နိုင်ငံသူနိုင်ငံသားအားလုံး ခံစားရခြင်း ဖြစ်သဖြင့် စီးပွားရေးမောင်းနှင်အားသည် နိုင်ငံတစ်ခု ၏  အမှန်တကယ်အကျိုးရှိသည့်  မောင်းနှင်အားပင် ဖြစ်ကြောင်း၊     ထို့ကြောင့်     နိုင်ငံ၏   စီးပွားရေး ကောင်းမွန်စေရန်အတွက်  လက်ရှိရင်ဆိုင်နေရသည့် နိုင်ငံရေးအရ  တည်ငြိမ်အေးချမ်းမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါအား      ကျော်လွှားနိုင်ရန်လိုကြောင်း၊ လက်ရှိတာဝန်ယူဆောင်ရွက်နေသည့် တာဝန်ရှိသူ များအနေဖြင့်  နိုင်ငံသာယာဝပြောရန်၊ တိုးတက်စေ ရန်နှင့် စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း။
နှောင့်နှေးမှုများမရှိအောင်စီမံ
ကျန်းမာမှအလုပ်လုပ်နိုင်မည်၊  ကျန်းမာမှပညာသင်ကြားနိုင်မည်ဖြစ်ပြီး ကိုဗစ် - ၁၉ ရောဂါရှိနေသမျှ ကျန်းမာရေးအရထိခိုက်နေမည်ဖြစ်ကြောင်း၊ နိုင်ငံ သာယာဝပြောစေရန်အတွက်  စီးပွားရေးကောင်းမွန် စေရန်  အလုပ်လုပ်နိုင်ရန်လိုကြောင်း၊ အလုပ်လုပ်နိုင် ရန်အတွက် ကျန်းမာနေရန်လိုအပ်သဖြင့်  ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ဝန်ကြီးဌာန များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် ဦးစားပေး ဆောင်ရွက်ကြရန်လိုကြောင်း၊ စာသင်ကျောင်းများ   ပိတ်ထားရသည်မှာ နှစ်လခန့် ရှိပြီဖြစ်ကြောင်း၊    စာသင်ကျောင်းများ    ဖွင့်မှသာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ပညာသင် ကြားရေးလမ်းကြောင်းပေါ်တွင်    ရောက်ရှိမည်ဖြစ် ကြောင်း၊   ပညာသင်ကြားရာတွင် စဉ်ဆက်မပြတ် သင်ကြားနေမှသာ         တိုးတက်မှုရှိမည်ဖြစ်၍ ကျောင်းသား၊   ကျောင်းသူများအနေဖြင့်   ပညာရေး လမ်းကြောင်းပေါ်တွင်        အမြဲရှိစေချင်သဖြင့် အလေးပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်ပမှ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊ ကုသဆေးများနှင့် အခြားလိုအပ်သည့်    ဆေးဝါးများ   တင်သွင်းမှုနှင့် ပတ်သက်၍လည်း နှောင့်နှေးမှုများမရှိအောင်  စီမံ ဆောင်ရွက်ပေးထားကြောင်း၊    ဆေးရုံတိုင်းတွင် ကိုဗစ်-၁၉ ရောဂါအား  ကုသနိုင်ရန်အတွက် ICU များ  တည်ဆောက်ရေးအတွက်လည်း   မှာကြားထား ပြီးဖြစ်ကြောင်း၊    ဆေးရုံများ  သပ်သပ်ရပ်ရပ်ဖြင့် အဆင့်ရှိရှိဖြစ်စေရေး  သက်ဆိုင်ရာဝန်ကြီးဌာနများမှ စီမံဆောင်ရွက်သွားကြရန်လိုကြောင်း။
စားသောက်ကုန်များ အမြဲလိုအပ်
မိမိတို့နိုင်ငံ၏    အဓိကထုတ်ကုန်ပစ္စည်းသည် စိုက်ပျိုးမွေးမြူရေး   ထုတ်ကုန်များပင်ဖြစ်ကြောင်း၊ သယံဇာတပစ္စည်းများအား      ထုတ်လုပ်ရောင်းချ ခြင်းသည်   ကန့်သတ်မှုများရှိကြောင်း၊    ထို့ကြောင့် မိမိတို့အနေဖြင့် သမာအာဇီဝနည်းဖြစ်သည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို  စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း၊ ကမ္ဘာပေါ်တွင် လူဦးရေ ၇ ဘီလီယံ ခန့်ရှိသဖြင့်   နိုင်ငံတိုင်းတွင်  စားသောက်ကုန်များ အမြဲလိုအပ်ချက်ရှိကြောင်း၊   ကမ္ဘာပေါ်တွင်  စိုက်ပျိုး ရေးနိုင်ငံများရှိပြီး      နိုင်ငံတွင်းစားရေးအဆင်ပြေ စေရန်နှင့်  ပြည်ပဝင်ငွေရရှိရန် ဆောင်ရွက်နေကြ ခြင်းဖြစ်ကြောင်း၊  မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်၍ ကမ္ဘာ့ဈေးကွက်မှ ပြည်ပ ဝင်ငွေရရှိအောင်      ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံအတွင်း မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းခန့်၊ နွေစပါးစိုက်ပျိုးဧက ၂ သန်းခန့်   စိုက်ပျိုးကြောင်း၊ မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းတွင်    တစ်ဧကတင်း ၁၀၀ နှုန်းထွက်ပါက  လူဦးရေ သန်း ၁၀၀ အတွက် လုံလောက်မှုရှိကြောင်း၊ မိမိတို့နိုင်ငံတွင်  လူဦးရေ ၅၅ သန်းခန့်ရှိသဖြင့်  လူဦးရေ ၄၅ သန်းစာ ပိုလျှံမှု ရှိလာမည်ဖြစ်ကြောင်း၊  ပြည်ပသို့ဆန်များစွာ တင်ပို့ နိုင်ကြောင်း၊  သို့သော်  တစ်ဧကစပါးအထွက်နှုန်း တင်း ၁၀၀  မပြည့်သည့်အတွက်       ပြည်ပနိုင်ငံများသို့ မျှော်မှန်းသလို    တင်ပို့နိုင်မှုမရှိသည်ကို     တွေ့ရှိရ ကြောင်း၊ စီးပွားရေးသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင် သည့်ကိစ္စဖြစ်ပြီး မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေး ထုတ်ကုန်များကို           ပြည်ပသို့     တင်ပို့နိုင်ရေး  သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်   စနစ်တကျ ဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ မိမိတို့ တာဝန်ယူသည့်     ကာလအတွင်း    စိုက်ပျိုးရေး တောင်သူများအား ထောက်ပံ့ကြေးပေးခြင်း၊ ချေးငွေ များထုတ်ပေးခြင်းနှင့်   အခြားလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့်     စိုက်ပျိုးရေး ထုတ်ကုန်များ  အရှုံးပေါ်မှုမရှိစေရေးအတွက်လည်း စီမံဆောင်ရွက်ပေးရန် လိုကြောင်း၊  သွင်းအားစုများအသုံးပြုခြင်းနှင့်     မျိုးကောင်းများ    အသုံးပြုပြီး ကောက်ကွက် ပြည့်အောင် စနစ်တကျစိုက်ပျိုးခြင်းဖြင့် စပါးများအထွက်နှုန်းတိုးစေရေး ဆောင်ရွက်နိုင်ခြင်း ဖြင့် တောင်သူများ ဝင်ငွေ ပိုမိုကောင်းမွန်စေမည်ဖြစ် ကြောင်း၊             
ထို့ကြောင့်    တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်    ဝန်ကြီးချုပ်များအနေဖြင့်      မိမိတို့ဒေသအလိုက် စပါးစိုက်ပျိုးရေးနှင့်    ပတ်သက်၍     ဦးစားပေး ဆောင်ရွက်ကြရန်လိုကြောင်း။
အားပေးဆောင်ရွက်ကြရန်လို
စားသုံးဆီနှင့်ပတ်သက်၍ ပြည်တွင်း၌ ဆီဖူလုံမှု ရှိရန်လိုအပ်ကြောင်း၊   ထို့ကြောင့် စားသုံးဆီများ ထွက်ရှိရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းများဖြစ်ထွန်းစေရေး    ဆောင်ရွက်လျက်ရှိ သကဲ့သို့ ဆီအဓိကထွက်ရှိသည့် မန္တလေးတိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်    ရှမ်းပြည်နယ်တို့တွင် လည်း ဆီထွက်သီးနှံများစိုက်ပျိုးကြကြောင်း၊ အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ  ဆီအထွက်နှုန်း များ တိုးတက်စေရေးအတွက်  သက်ဆိုင်ရာတာဝန် ရှိသူများအနေဖြင့်      အားပေးဆောင်ရွက်ကြရန် လိုကြောင်း၊ အလားတူ  ဝါစိုက်ပျိုးရေးနှင့်ပတ်သက် ၍လည်း   မျိုးကောင်းမျိုးသန့်များ  စိုက်ပျိုးခြင်းနှင့် လိုအပ်သည့်      ရေနှင့်မြေဩဇာများရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ဝါအထွက်နှုန်းများ တိုးတက် အောင်ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်ပမှ  ချည်များ တင်သွင်းမှုကို     လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏    မောင်းနှင်အားတွင်    စီးပွားရေး မောင်းနှင်အားသည် အရေးကြီးကြောင်း၊  မိမိတို့နိုင်ငံ ၏ စီးပွားရေးလုပ်ငန်းသည်  လက်ရှိအခြေအနေတွင် စိုက်ပျိုးရေးလုပ်ငန်းကိုအခြေခံသည့်    စီးပွားရေး သည်   အဓိကမောင်းနှင်အားတွင် ပါဝင်နေသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း။
ဦးစားပေးဆောင်ရွက်
မိမိတို့သည်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏    ရှေ့လုပ်ငန်းစဉ်နှင့်   ဦးတည်ချက်များ အပေါ်တွင်  အခြေခံဆောင်ရွက်နေခြင်းဖြစ်သဖြင့် ဝန်ကြီးဌာနများအနေဖြင့်လည်း     အဆိုပါအချက် များအပေါ်တွင်အခြေခံ၍   စီမံခန့်ခွဲရေးနည်းလမ်း များဖြင့်  အကောင်အထည်ဖော်   ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊   မိမိတို့တာဝန်ယူသည့်ကာလအတွင်း ဝန်ကြီးဌာနများအလိုက်  ဆောင်ရွက်ရန်ရှိသည့်ကိစ္စ ရပ်များကို     မှန်မှန်ကန်ကန်နှင့်      မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရန်လိုကြောင်း၊    လုပ်ငန်းရပ်အသစ် များကို  ဆောင်ရွက်ခြင်းထက် လက်ရှိဆောင်ရွက် နေသည့်   လုပ်ငန်းရပ်များအား   အောင်မြင်အောင် ဦးစားပေး     ဆောင်ရွက်ကြရန်လိုကြောင်း၊  အုပ်ချုပ် ရေးဆိုင်ရာကိစ္စရပ်များ၊  ခရီးသွားလာမှုဆိုင်ရာကိစ္စ ရပ်များ၊ ပြည်သူများစွမ်းရည်ရှိအောင် ဆောင်ရွက်ရ မည့်ကိစ္စရပ်များ၊  ပညာရေးဆိုင်ရာ  ကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊   ဆောက်လုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုး ရေးဆိုင်ရာ   ကိစ္စရပ်များအား     အောင်မြင်အောင် ရည်မှန်းချက်ထား    ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးနှင့်ပတ်သက်၍    ပြည်နယ်နှင့်တိုင်း ကွာခြားမှု၊ ကျေးလက်မြို့ပြကွာခြားမှုများကို လျှော့ချ ရန် မိမိအနေဖြင့်   အမြဲပြောကြားခဲ့ကြောင်း၊  ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင်      ဒေသအားလုံး တစ်ပြေးညီတိုးတက်စေရန်  ဆန္ဒရှိကြောင်း၊  လိုအပ် ချက်ရှိသည့်   တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ပိုမိုအလေးပေး      ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုကြောင်း၊  ဝန်ကြီးဌာနများအားလုံးမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံစဉ်းစား၍ အဓိကလိုအပ် ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး၊ အောင်မြင်မှု ရှိစေရေးနှင့် တိုးတက်မှုရှိစေရေး စဉ်းစားဆောင်ရွက် ကြရန်လိုကြောင်း မှာကြားသည်။
အတည်ပြုချက်ရယူ
ထို့နောက်  အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများက  သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြု ချက်ရယူကြသည်။
ကြပ်မတ်ဆောင်ရွက်
ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်က  ရှင်းလင်း တင်ပြချက်များနှင့်စပ်လျဉ်း၍   နိုင်ငံပိုင်စက်ရုံများ ရပ်ဆိုင်းထားရသည့်အတွက်    တိုင်းပြည်အတွက် ထိခိုက်နစ်နာမှု    များစွာရှိကြောင်း၊          သို့ဖြစ်၍ အကြောင်းအမျိုးမျိုးကြောင့်   ရပ်ဆိုင်းထားသည့် နိုင်ငံတော်ပိုင်စက်ရုံများအား   ပြန်လည်လည်ပတ် နိုင်ရေးအတွက်   ကုန်ကြမ်းများရရှိမှု ၊ သွင်းအားစုများ ရရှိမှုနှင့် ဈေးကွက်ရရှိရေးအပေါ်  သုံးသပ်တွက်ချက် ၍ဆောင်ရွက်သွားရမည်ဖြစ်ပြီး    ထုတ်ကုန်များကို လည်း အရည်အသွေးပြည့်မီအောင် ထုတ်လုပ်သွားရန် လိုအပ်ကြောင်း၊       သဘာဝဘေးအန္တရာယ်နှင့် အကြောင်းအမျိုးမျိုးကြောင့်    နိုင်ငံပိုင်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှုများစွာရှိကြောင်း၊        သို့ဖြစ်၍ တာဝန်ရှိသူများအဆင့်ဆင့်က   နိုင်ငံပိုင်ပစ္စည်းများ လူ၏ပေါ့လျော့မှုကြောင့်     လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက်      ဝန်ထမ်းအားလုံး အသိတရားရှိရှိဖြင့်    စေ့စေ့စပ်စပ်   သုံးစွဲနိုင်ရေး အသိပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဆောက် လုပ်ဆဲ ဝန်ထမ်းအိမ်ရာများ၊  အငှားအိမ်ရာများနှင့် အဆောက်အဦများ    တစ်လုံးချင်း   သတ်မှတ်ချိန် အတွင်းပြီးစီးအောင်    ဆောင်ရွက်သွားကြရန်လို ကြောင်း၊ ထို့ပြင် အခြေခံဖြစ်သည့် ရေနုတ်မြောင်း၊ လမ်း၊   ပလက်ဖောင်း၊   ရေနှင့် မိလ္လာစနစ်တို့ကို ကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ပတ်ဝန်းကျင်   စိမ်းလန်းစိုပြည်ရေးအတွက်လည်း လုပ်ဆောင်သွားကြရန်လိုကြောင်း၊ ဝန်ထမ်းအိမ်ရာ များနှင့် ဘေးပတ်ဝန်းကျင်   သန့်ရှင်းသာယာလှပရေး အတွက်  တာဝန်ရှိသူများက  ကြပ်မတ်ဆောင်ရွက် သွားရန်လိုကြောင်း မှာကြားသည်။
ကာကွယ်ဆေးများထပ်မံဝယ်ယူ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က   နိဂုံးချုပ်အမှာ စကားပြောကြားရာတွင်  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုနှင့်ပတ်သက်၍  ပထမအကြိမ်တွင် ၂ ဒသမ ၁ သန်း၊ ဒုတိယအကြိမ်တွင် ၂ ဒသမ ၆ သန်းကျော် ထိုးနှံနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုလအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး   ၁၀ သန်း   ရောက်ရှိမည်ဖြစ်ပြီး လာမည့်      အောက်တိုဘာတွင်   ကာကွယ်ဆေး  ၁၀ သန်းနှင့်      နိုဝင်ဘာလတွင်     ကာကွယ်ဆေး ၄ သန်း  ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် လိုအပ်သည့်    ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထပ်မံဝယ်ယူနိုင်ရေးကိုလည်း  ဆောင်ရွက်လျက်ရှိ ကြောင်း။
အဆင်သင့်ပြင်ဆင်ထား
ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းနှင့်ပတ်သက် ပြီး   နှောင့်နှေးမှုမရှိအောင်    ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊  ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့်  အခြား ဆေးပစ္စည်းများ       ဝယ်ယူမှုနှင့်      ပတ်သက်၍   အမေရိကန်ဒေါ်လာ   ၁၆၉  သန်း   အကုန်အကျခံ ဝယ်ယူခဲ့ပြီး   ဆေးရုံ၊   ဆေးခန်းပြုပြင်ခြင်း၊  ကိုဗစ်စင်တာများနှင့်  လူမှုရေးအဖွဲ့အစည်းများ အတွက်  ငွေကျပ် ၅၆၆ ဘီလီယံ   သုံးစွဲခဲ့ကြောင်း၊  ထို့ပြင် အထွေထွေကိစ္စများအတွက်  အမေရိကန် ဒေါ်လာ ၅ သိန်းကျော်ကိုလည်း      သုံးစွဲခဲ့ကြောင်း၊  ကိုဗစ်-၁၉  ရောဂါ    ကာကွယ်ရေးလုပ်ငန်းများ အတွက် သုံးစွဲရန်   ဘဏ္ဍာငွေကိုလည်း  အဆင်သင့် ပြင်ဆင်ထားကြောင်း၊ ထို့အတွက်   တာဝန်ရှိသူများ အနေဖြင့် အကျိုးရှိရှိ  လုပ်ဆောင်သွားကြရန် လိုအပ် ကြောင်း။
အားလုံးပါဝင်နိုင်ရေးဆောင်ရွက်
ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးနှံမှုနှင့်စပ်လျဉ်း ၍ တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့အစည်းများ နေထိုင်သည့်ဒေသများတွင်လည်း   ထိုးနှံပေးနိုင်ရန် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း၊  ငြိမ်းချမ်းရေး နှင့်ပတ်သက်ပြီး    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း အချို့အနေဖြင့် အကြောင်းအမျိုးမျိုးပြကာ NCA သဘောတူညီချက်များကို  ချိုးဖောက်မှုများရှိ သော်လည်း  မိမိတို့အနေဖြင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအား နိုင်ငံသားများ၏ ရပိုင်ခွင့် များနှင့်အညီ     ကိုဗစ်-၁၉   ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရေး     ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု နှင့် ပတ်သက်ပြီး  မည်သူတစ်ဦး တစ်ယောက်ကိုမျှ မကျန်စေလိုကြောင်း၊  တိုင်းရင်းသားလက်နက်ကိုင် ဒေသများအပြင်  ရခိုင်ပြည်နယ်ရှိ အကျုံးဝင်သူများ ကိုလည်း ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စီစဉ်လျက် ရှိကြောင်း၊ မိမိအနေဖြင့် နိုင်ငံရေးအရ ဆောင်ရွက် ပေးနေခြင်းမဟုတ်ဘဲ  နိုင်ငံ့အရေး၊ အမျိုးသားအရေး နှင့် နိုင်ငံ့အတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ပါတီစွဲ၊ လူပုဂ္ဂိုလ်အစွဲမထားဘဲ လူသားတစ်ယောက် အနေဖြင့်   တာဝန်သိသိ  ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ တိုင်းပြည် သာယာ၀ပြောရေး ဆောင် ရွက်ရာတွင် အားလုံးပါဝင်နိုင်ရေး ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း။
ပိုမိုကြိုးစားဆောင်ရွက်
မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊       သို့သော်လည်း နိုင်ငံတကာနှင့်  ဆက်ဆံရာတွင် နိုင်ငံ၏ဂုဏ်သိက္ခာ နှင့်အညီ    ဆောင်ရွက်နေခြင်းကို  အချို့သောပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက မျက်ကွယ်ပြု၍ဆောင်ရွက်နေကြ ကြောင်း၊ ပြည်ပနိုင်ငံများနှင့် နယ်နိမိတ်ထိစပ်နေသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ အနေဖြင့် နယ်စပ်ဒေသဆက်ဆံရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏      ဂုဏ်သိက္ခာကို      ထိန်းသိမ်းပြီး နိုင်ငံတကာ  ကတိကဝတ်၊   သဘောတူညီချက်များနှင့် အညီ  ပြောဆိုပြုမူ  ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် ကိစ္စရပ်များကို ရှောင်ရှားကြရန်လိုအပ်ကြောင်း၊        မိမိတို့နိုင်ငံ ဂုဏ်သိက္ခာမြင့်မားစေရန် တာဝန်ရှိသူများအနေဖြင့် ကဏ္ဍအလိုက်  တိုးတက်အောင်  ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်  ဝန်ကြီး ဌာနအလိုက်၊   တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ကောင်းမွန်တိုးတက်အောင် ဆောင်ရွက်သွား ကြရမည်ဖြစ်ပြီး  နိုင်ငံတော်ဘဏ္ဍာငွေများကို သုံးစွဲ ရာတွင်    ပကာသနကိုလျှော့ချ၍    ချွေတာရေး နည်းလမ်းများနှင့်အညီ အမှန်တကယ်အကျိုးရှိသည့် လုပ်ငန်းများကို  လုပ်ဆောင်သွားကြရန်လိုကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန်     ပြည်ထောင်စု အဆင့်နှင့်  တိုင်းဒေသကြီး၊  ပြည်နယ်များမှ တာဝန်ရှိ သူများအနေဖြင့်   အောက်ခြေအထိ  ထိတွေ့ဆက်ဆံ သွားကြရန်  လိုအပ်ကြောင်း၊   တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၏ ဦးဆောင်မှု ကို    ပြည်သူလူထုက   ယုံကြည်အားကိုးလာစေရန် ယခုထက် ပိုမိုကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း မှာကြားခဲ့သည်။               သတင်းစဉ်