အကောက်ခွန်ကင်းလွတ်ခွင့်ပြုကြောင်း အသိပေးကြေညာ

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏အကျိုးငှာ ပြည်တွင်းလျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် အောက်ဖော်ပြပါ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများအား ပြည်ပမှတင်သွင်းမှုအပေါ် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ အကောက်ခွန်ကင်း လွတ်ခွင့်ပြုကြောင်း အသိပေးကြေညာအပ်ပါသည် -
၁။    နေရောင်ခြည်စွမ်းအင်များ ထုတ်လုပ်ပေးနိုင်သည့် အချပ်များ
    PV Module / Solar Module / PV Panel / Solar Panel / Solar Panel 92 Watt CIGS (Copper Indium Gallium Selenide)
၂။    နေရောင်ခြည်စွမ်းအင်သုံး ပေါင်းစပ်ထိန်းချုပ်ကိရိယာ 
    PV / Solar  (Hybrid/Smart Array)  Controller,  Charge Controller for PV/ Solar
၃။    နေရောင်ခြည်စွမ်းအင်သုံး  အင်ဗာတာ  (စထရင်း /ပေါင်းစပ်/ဘက်ထရီ/နှစ်မျိုးသုံး/ပင်မ) 
       PV / Solar Inverter (String / Hybrid / Battery / Bidirec-tional / Central)
၄။    အိမ်သုံးတပ်ဆင်မှုပုံစံများ (ခေါင်မိုးနှင့် မြေပြင်တွင်တပ်ဆင်ခြင်း)
    PV / Solar Mounted Structure,     PV  /  Solar Mounted Frames,   PV / Solar Mounted Kits  (Roof and Ground Mounted)
၅။    နေရောင်ခြည်စွမ်းအင်တပ်ဆင်မှုစနစ် (ရေပေါ်တွင်တပ်ဆင်ခြင်း)
       PV / Solar Mounted System (Floating)
၆။    နေရောင်ခြည်စွမ်းအင်သုံး ထိန်းချုပ်ကိရိယာနှင့် ဘက်ထရီပုံး
       PV / Solar Controller and Battery Box
        (PV / Solar Controller နှင့် Battery တွဲလျက် တင်သွင်းခြင်း အတွက်သာ)
 စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန