အက်စာမာမီးတောင် ပေါက်ကွဲနိုင်မှုအတွက် သတိပေးချက် အဆင့်နှစ် ထုတ်ပြန်ထား

 

တိုကျို    မတ်    ၂၃


အက်စာမာမီးတောင်ပေါက်ကွဲနိုင်မှုအတွက် သတိပေးချက်ကို ဂျပန်  မိုးလေဝသအေဂျင်စီက   အဆင့်တစ်မှ   အဆင့်နှစ်အထိ    တိုးမြှင့်  ထုတ်ပြန်ထားပြီး  ဒေသခံများအနေဖြင့် မီးတောင်အဝသို့ ချဉ်းကပ် ခြင်းကို ရှောင်ရှားကြရန်အတွက်လည်း သတိပေးထားသည်။ 

 


အဆိုပါမီးတောင်သည်     တိုကျိုမြို့အနောက်မြောက်ဘက်   ဂန်မာခရိုင်နှင့်   နာဂိုနိုခရိုင်ကြားတွင်ရှိသည်။ မီးတောင်ပေါက်ကွဲနိုင်မှု သတိပေးချက်အဆင့် ငါးဆင့်ရှိသည့်အနက် မတ်လ ၂၃ ရက်တွင်    မီးတောင်လှုပ်ရှားမှုအနည်းငယ်ကို     တွေ့ရှိလာရသည့်အတွက်  သတိပေးမှုအဆင့်ကို တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ မတ်လ ၂၁ ရက်မှ စတင်ကာ     မီးတောင်လှုပ်ရှားမှုမှာ   ပို၍တိုးလာသည်ဟုလည်း   ဂျပန်မိုးလေဝသအေဂျင်စီမှ  အရာရှိများက ပြောသည်။ 


မီးတောင်ပေါက်ကွဲပါက   မီးတောင်ပြာများနှင့်   ကျောက်တုံး၊ ကျောက်ခဲများ လွင့်စဉ်လာသည့်အတွက်  မီးတောင်ဝမှ ၂ ကီလိုမီတာ အတွင်း သတိပြုကြရန်လည်း ပြည်သူများကို သတိပေးထားသည်။


အင်န်အိတ်ချ်ကေ