အကြားအမြင်ဗဟုသုတပြည့်စုံကြွယ်ဝခြင်းသည် မင်္ဂလာမည်၏။

ဗာဟုသစ္စဉ္စ 

အကြားအမြင် ဗဟုသုတပြည့်စုံကြွယ်ဝ ခြင်းသည် မင်္ဂလာမည်၏ဟု ဗုဒ္ဓမြတ်စွာ ဘုရားက     မင်္ဂလာတရားတော်တွင် ဟောကြားခဲ့ပါသည်။   အကြားအမြင် ဗဟုသုတ   ပြည့်စုံကြွယ်ဝမှသာလျှင် ချမ်းသာအောင်မြင်မှုကို ရနိုင်ပါမည်။ ၂၁   ရာစုသည်       အသိပညာထွန်းကား သည့်ခေတ်ဖြစ်ပါသည်။    အသိပညာ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများက   ကမ္ဘာ ကြီးကို ဦးဆောင်ပါမည်။ အသိပညာ မြင့်မားသည့် ကုမ္ပဏီများက ကမ္ဘာပေါ် တွင် ကြွယ်ဝချမ်းသာသည့် ကုမ္ပဏီများ ဖြစ်လာပြီး    ဩဇာအရှိန်အဝါလည်း ကြီးပါမည်။
မိမိရပ်ကွက်၊ မိမိမြို့၊ မိမိတိုင်းပြည် တွင် ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများ ကို သိအောင် ကျွန်တော်တို့ ကြိုးစားရ ပါမည်။ ကမ္ဘာကြီး၏ အပြောင်းအလဲ များကိုလည်း   ကျွန်တော်တို့   သိရပါ မည်။   ပြောင်းလဲခြင်းများကို   သိမှသာ လျှင်     စိန်ခေါ်မှုများကို     သိပါမည်။ စိန်ခေါ်မှုများကိုသိမှ အခွင့်အလမ်းများ ကို သိပါမည်။ ကမ္ဘာကြီးတွင်  ဖြစ်နေ သော         ပြောင်းလဲခြင်းများသည် ကျွန်တော်တို့နှင့်  မည်သို့ဆက်စပ်မှုရှိ သလဲဟု တချို့က မေးမည် ဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေးများ ကောင်း မွန်  တိုးတက်လာမှု၊  ဆက်သွယ်ရေး နည်းပညာများ လျင်မြန်စွာ  ဖွံ့ဖြိုးတိုး တက်လာမှုကြောင့် ကမ္ဘာကြီးသည် ရွာ တစ်ရွာလို ဖြစ်လာပါသည်။ ၂၀၁၄ ခုနှစ် တွင် ယူကရိန်းနှင့်  ရုရှား စစ်ဖြစ်ခဲ့ပါ သည်။ ၂၀၁၄ ခုနှစ်  ဇူလိုင်   ၁၇   ရက် နေ့တွင် မလေးရှားနိုင်ငံပိုင် မလေးရှား လေကြောင်းလိုင်း၊    လေယာဉ်ခရီးစဉ် အမှတ် ၁၇ သည် ဒုံးကျည်နှင့် ပစ်ချခံရ သည့်အတွက် လေယာဉ်ပျံပေါ် ပါလာ သည့်   ခရီးသည်   ၂၈၃    ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၅ ဦး သေဆုံးခဲ့ရပါ သည်။ ယူကရိန်းနှင့် ရုရှားဖြစ်နေသည့် စစ်ပွဲသည် အရှေ့တောင်အာရှနှင့် ဝေး ပါသည်၊ မဆိုင်ပါဟု ပြော၍  မရပါ။ စစ် ပွဲကြီးသာ မဖြစ်ခဲ့လျှင်၊ ငြိမ်းချမ်းရေးသာ ရှိနေခဲ့လျှင်    မလေးရှားလေယာဉ်ပျံ လည်း  ပျက်ကျစရာအကြောင်း   မရှိ သည်မှာ ထင်ရှားပါသည်။
အင်္ဂလိပ်စကားပုံများ
အကြားအမြင်ဗဟုသုတများခြင်းနှင့် ပတ်သက်ပြီး အင်္ဂလိပ်စကားပုံတစ်ခုက “အကြားအမြင် ဗဟုသုတ ကြွယ်ဝခြင်း သည်  လူတွေအပေါ် လွှမ်းမိုးနိုင်သည့် ပါဝါရှိသည်” ဟု ဆိုပါသည်။ ခေါင်းဆောင် ဆိုသည်မှာ လူအများအပေါ် လွှမ်းမိုးနိုင် သည့်        ဩဇာပါဝါရှိသူဖြစ်ပါသည်။ ဤစကားပုံအရ   ခေါင်းဆောင်အရည် အသွေးနှင့် ပြည့်ဝလိုလျှင် အကြားအမြင် ဗဟုသုတများအောင်  ခေါင်းဆောင်များ က မိမိကိုယ်မိမိ ပြုစုပျိုးထောင်ရပါမည်။ နောက်စကားပုံတစ်ခုက “အကြားအမြင် ဗဟုသုတရရှိဖို့အတွက်   ရင်းနှီးမြှုပ်နှံ ခဲ့လျှင်       ယင်းရင်းနှီးမြှုပ်နှံမှုသည် အကောင်းဆုံးအတိုးကို ပေးပါမည်”ဟု ဆိုပါသည်။ အကြားအမြင် ဗဟုသုတရရှိ ရန်  ရင်းနှီးမြှုပ်နှံရာတွင်  အချိန်ပေးရပါ မည်၊ အားစိုက်ထုတ်ရပါမည်၊ ငွေကြေး ကုန်ကျမှု ရှိပါမည်၊ ဇွဲရှိရပါမည်။ သို့သော် ရရှိမည့်အတိုးက များပါသည်။
စက်မှုပြောင်းလဲခြင်း ဗဟုသုတ
ယနေ့ကမ္ဘာကြီးတွင် စက်မှုပြောင်း လဲခြင်း ၄. ဝ ခေတ်ကို ရောက်နေပါပြီ။
၁. ၀ -    သမားရိုးကျ  စိုက်ပျိုးရေးကို 
    အခြေပြုနေရာမှ   ၁၈  ရာစု နှောင်းပိုင်းတွင်  ရေနွေးငွေ့အင်ဂျင်များပေါ်လာသည့်အချိန်ကို စက်မှုပြောင်းလဲ ခြင်း ၁. ဝ ဟု ခေါ်ပါသည်။ ရေနွေးငွေ့သုံး စက်ခေါင်းများ ပေါ်လာပြီး ရထားများ ကြောင့် လမ်းပန်းဆက်သွယ်ရေး တိုး တက်ကောင်းမွန်လာပါသည်။ ရေနွေးငွေ့ အင်ဂျင်သုံးစက်များ ပေါ်လာပါသည်။
၂. ၀ -    ၂ဝ ရာစုအစတွင် လျှပ်စစ်ကို 
    စတင်သုံးစွဲလာနိုင်သည့် အချိန် ကို စက်မှုပြောင်းလဲခြင်း ၂. ဝ ဟု ခေါ်ပါ သည်။  လျှပ်စစ်စွမ်းအင်ကြောင့်   ကုန် ထုတ်လုပ်ငန်းများတွင် ကုန်ထုတ်လုပ် သည့်ပုံစံများ ပြောင်းလာပါသည်။ Ass-embly Line ဟု ခေါ်သည့် ရွေ့လျားစက် ဖြင့် ကုန်ပစ္စည်းများကို အချိန်တိုအတွင်း အမြောက်အမြား     ထုတ်လုပ်နိုင်လာပါ သည်။ လျှပ်စစ်စွမ်းအင်ကြောင့် လူတွေ ၏ လူနေမှုစနစ်များ တိုးတက်ပြောင်းလဲ လာပါသည်။
၃. ၀ -    ကွန်ပျူတာများ ပေါ်လာသည့် 
    အချိန် ၁၉၇၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်ကို စက်မှုပြောင်းလဲခြင်း ၃. ၀ ဟု ခေါ်ပါသည်။   ကွန်ပျူတာများကြောင့် အရာရာတွင်    အလိုအလျောက်စနစ် များကို  သုံးလာပါသည်။ အီလက်ထရွန် နစ်နှင့် ကွန်ပျူတာများကြောင့် လူနေမှု ဘဝများ    တိုးတက်ကောင်းမွန်လာပါ သည်။
၄. ၀ -    ၂၀၁၀  ပြည့်နှစ်   နောက်ပိုင်းမှ 
    ယနေ့အချိန်ကို     စက်မှု ပြောင်းလဲခြင်း ၄. ဝ ဟု  ခေါ်ပါသည်။ ဆက်သွယ်ရေးစနစ်များ အထူးကောင်း မွန်လာပြီး အင်တာနက်များ  ချိတ်ဆက်မှု ကြောင့်  ကမ္ဘာပေါ်ရှိ   ကွန်ပျူတာထိန်းချုပ် သော  စနစ်အားလုံးသည် ချိတ်ဆက်၍ ရလာသည်။ ၂၀၁၁ ခုနှစ်တွင် ဂျာမနီနိုင်ငံ အစိုးရက   စက်မှုပြောင်းလဲခြင်း  ၄. ဝ ခေတ်ကို ရောက်ပြီဟု ကြေညာခဲ့ပြီး စက်မှု ပြောင်းလဲခြင်း ၄. ဝ ကို အမီလိုက်နိုင်ရန် နိုင်ငံတိုင်းလိုလိုက   စီမံကိန်းများချ၍ ဆောင်ရွက်နေပါသည်။ ရိုဘော့ဟု  ခေါ် သည့်   စက်ရုပ်များက   လူလောက်နီးနီး အသိဉာဏ်ရှိလာခြင်း၊ အလွန်သေးငယ် သည့် အာရုံခံကိရိယာများ၏ စွမ်းရည်များ မြင့်တက်လာခြင်း၊ IoT;  Internet  of Things ဟု  ခေါ်သည့်    အင်တာနက်နှင့် ချိတ်ဆက်နိုင်သည့် လူသုံးပစ္စည်း ဘီလီယံ ၂၀၀ သည် ၂၀၂၀ ပြည့်နှစ်တွင် အင်တာနက် ပေါ်တွင် ချိတ်ဆက်လာခြင်း... စသည်တို့ ဖြစ်ပေါ် ပြောင်းလဲလာပါမည်။ စက်မှု ပြောင်းလဲခြင်း ၄. ဝ အကြောင်း အကြား အမြင်ဗဟုသုတ   ပြည့်စုံပြီး  ခေတ်နှင့် အညီ လိုက်ပါပြောင်းလဲနိုင်မည့်သူများ၊ လုပ်ငန်းများ၊ နိုင်ငံများသာ ရေရှည်တွင် အောင်မြင်မှုများ ရရှိပါမည်။
စာတိုငညို
အကြားအမြင်  ဗဟုသုတများသည့် အတွက်   အကျိုးကျေးဇူးခံစားရသည်မှာ ယခုခေတ်မှမဟုတ်   ရှေးကလည်း  ရှိခဲ့ သည့်အကြောင်းကို   ဝေမျှလိုပါသည်။  အေဒီ ၁၃၆၇ ခုနှစ်တွင် နန်းရသော မင်းကြီး စွာစော်ကဲ  လက်ထက်က   ဝန်ဇင်းရွာ သူကြီး၏  သမက်အမည်မှာ    စာတိုငညို  ဖြစ်ပါသည်။ နာမည်ရင်း မောင်ညိုဖြစ် သော်လည်း ငယ်စဉ်ကတည်းက အကြား အမြင် ဗဟုသုတများအောင် စာပေလေ့လာ လိုက်စားသူဖြစ်၍  စာတိုငညိုဟု နာမည် တွင်ပါသည်။  မိတ္ထီလာကန်တော် ကျိုး ပေါက်သည့်အတွက်   မင်းကြီးစွာစော်ကဲ သည်  ဆည်ကို   ပြုပြင်ရန် ကြွပါသည်။ မြေကို    တူးရာတွင်  လင်ဇင်းမင်း၏ သားသမီး အရုပ်များကို ရွှေဖြင့်သွန်း၍ ကမ္ပည်းစာရင်းနှင့် တွေ့ပါသည်။ ဝန်ဇင်း သူကြီးကို မေးသည့်အခါ သူကြီးက သူမသိ ကြောင်း၊ သို့သော်လည်း စာတိုငညိုသည် စာပေလေ့လာ    လိုက်စားသူဖြစ်နိုင်၍ သိနိုင်ကြောင်း  လျှောက်ထားပါသည်။ မင်းကြီးက ငညိုကို ဆင့်ခေါ်မေးသည့် အခါ  “အရှင်မင်းကြီး၏  ဘေးလောင်း တော် အလောင်းစည်သူမင်းကြီး  တိုင်းခန်း လှည့်လည်တော်           မူသောအခါ လင်ဇင်းမင်းတို့ကို     သစ္စာတော်ပေးပြီး သားသမီးတို့ကို ခေါ်ခဲ့ပါသည်။ မိတ္ထီလာ ကန်တော်ကျိုးပေါက်၍    ဆည်ရန် အလောင်းစည်သူမင်းကြီး    ကြွချီလာ သည့်အခါ  နောက်တော်ပါး  မင်းသား၊ မင်းသမီးတို့ ကံတော်ကုန်၍ လာလတ္တံ့ သော မင်းတို့ တွေ့မြင်လေသော် သိစေ သတည်းဟူ၍ အရုပ်ကို ကမ္ပည်းနှင့် မြှုပ် ထားတော်မူကြောင်း” ကို လျှောက်လေ ၏။   မင်းကြီးလည်း  အားရတော်မူ၍ စာတိုငညိုကို    နန်းတော်သို့   ခေါ်၍ ချီးမြှောက်တော်မူသည်။ ဝန်ဇင်းရွာသား စာတိုငညိုသည် စာပေလေ့လာ လိုက်စား မှုနှင့် အကြားအမြင်  ဗဟုသုတပြည့်စုံမှု ကြောင့် ဘုရင်က မင်းအတိုင်ပင်ခံအမတ် အဖြစ်   နေရာပေးခဲ့သည်ကို ကြည့်လျှင် အကြားအမြင်   ဗဟုသုတ   ပြည့်စုံခြင်း သည် မင်္ဂလာတရားတော်နှင့်ညီကြောင်း ထင်ရှားပါသည်။
ခန္ဓာဗေဒ ဘာသာစကား
အကြားအမြင်  ဗဟုသုတများအောင် မည်သည့်အရာများကို     လေ့လာရန်  လိုသနည်းဟု မေးလျှင် နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လူအများနှင့် ပေါင်းသင်းဆက်ဆံရေးတို့ကို လေ့လာ လိုက်စားရန် လိုပါသည်။ လူအများနှင့် ပေါင်းသင်းဆက်ဆံရေး   အဆင်ပြေသူက ချမ်းသာအောင်မြင်မှုကို   ရနိုင်ပါသည်။ ပျော်ရွှင်မှုကို   ရနိုင်ပါသည်။   လူတွေ၏ သဘောသဘာဝအကြောင်း၊ စိတ်နေစိတ် ထားတွေကို သိခြင်းသည်လည်း အကြား အမြင်  ဗဟုသုတများခြင်း  ဖြစ်ပါသည်။ လူတွေနှင့်   စကားပြောသည့်အခါ၊ လူ တွေနှင့်  ဆက်ဆံသည့်အခါ   မျက်နှာအမူ အရာ၊    ကိုယ်အမူအရာများကို  ဖတ်၍ အဓိပ္ပာယ်ဖော်       ခန့်မှန်းတတ်ရန်လည်း လိုပါသည်။  လူတွေ၏   ကိုယ်အမူအရာ၊ မျက်နှာအမူအရာကို ကြည့်ပြီး အဓိပ္ပာယ် ဖော်သည့် ပညာရပ်ကို အင်္ဂလိပ်လို Body Language ဟု ခေါ်ပြီး  မြန်မာလို ခန္ဓာ ဗေဒဘာသာစကားဟု ခေါ်ရမည် ထင်ပါ သည်။ Body Language နှင့် ပတ်သက် ပြီး အကြားအမြင် ဗဟုသုတများသူသည် ပေါင်းသင်းဆက်ဆံရေးတွင်  အောင်မြင် သူဖြစ်လာပါသည်။
လေ့လာတွေ့ရှိချက်များအရ အမျိုး သမီးများသည်      အမျိုးသားထက် ကိုယ်အမူအရာ၊ မျက်နှာအမူအရာကို ကြည့်ပြီး      အဓိပ္ပာယ်ဖော်ရာတွင် ကျွမ်းကျင်သည်ဟု     ဆိုကြပါသည်။ ရုပ်ရှင်ကားတစ်ကားကို အသံဖျောက်ပြီး အခန်းတစ်ခန်းတွင် အမျိုးသမီးများကို ပြပါသည်။   တစ်ဖက်ခန်းတွင်    အသံ ဖျောက်ပြီး အမျိုးသားများကို ပြပါသည်။ အမျိုးသမီးများက အမူအရာကို ကြည့်၍ ဘာပြောသည်ကို   ၇၅   ရာခိုင်နှုန်းမှန် အောင် ပြောနိုင်သော်လည်း၊ အမျိုးသား များက ၄၀ ရာခိုင်နှုန်းပင်   မှန်အောင် မပြောနိုင်သည်ကို   တွေ့ရပါသည်။  ဒါကြောင့် အမျိုးသားများ၏ ပြောစကား နှင့်  မျက်နှာအမူအရာ၊  မျက်လုံးအနေ အထားက    လွဲနေလျှင် အမျိုးသမီးများက   မျက်နှာအမူအရာနှင့် မျက်လုံးကို အမှန် ယူပါသည်။   ဤအချက်လေးတွေကို သိထားလျှင် အိမ်ထောင်ရှင် အမျိုးသား နှင့် အမျိုးသမီး၊   တစ်နည်းအားဖြင့်    လင်နှင့်   မယား     ဆက်ဆံရေးတွေ ပိုကောင်းလာမည် ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့်   ဗာဟုသစ္စဉ္စ အကြားအမြင်  ဗဟုသုတ  ပြည့်စုံကြွယ်ဝ အောင်    လေ့လာဆည်းပူးခြင်းသည် မင်္ဂလာဖြစ်ပြီး   ချမ်းသာအောင်မြင်မှုကို ရရှိနိုင်ပါသည်။   ဗဟုသုတကို   ပြည့်စုံ ကြွယ်ဝအောင် နေ့စဉ် လေ့လာဆည်းပူး နေရန်   လိုပါသည်။   လေ့လာဆည်းပူး သည့်အခါ   မည်သည့်အရာက မှန်သည်၊ မည်သည့်အရာက မှားသည်ကို သိရှိလာ ပါမည်။ မည်သည့်အရာကို   လုပ်သင့်သည်၊ မည်သည့်အရာကို မလုပ်သင့် ဆိုသည်ကို လည်း  သိလာမည်ဖြစ်သည်။   သိပြီး နောက်လည်း လိုက်လုပ်ရန် လိုပါသည်။ သိသော်လည်း မလုပ်ခဲ့လျှင်တော့ မသိတာ နှင့် အတူတူဖြစ်သည်ကို သတိချပ်စေလို ပါသည်။
“မှတ်သားစရာ” 
အကြားအမြင်   ဗဟုသုတရရှိရန် ရင်းနှီးမြှုပ်နှံရာတွင် -
အချိန်ပေးရပါမည်၊ အားစိုက်ထုတ် ရပါမည်။ ငွေကြေးကုန်ကျမှု ရှိပါမည်။ ဇွဲ ရှိရပါမည်။ သို့သော် ရရှိမည့်အတိုးက များပါသည်။


ကျမ်းကိုး 
၁။ မှန်နန်းမဟာရာဇဝင်တော်ကြီး။ 
၂။    The Industrial Revolution by Oliver Van Duuren. 
၃။    The Definitive Book of Body Language by Babara Pease and Allan Pease.

 

ကျော်ကျော်လှိုင်