အိုင်အက်စ်စစ်သွေးကြွများ၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဆီးရီးယားတပ်ဖွဲ့ဝင်၂၃ ဦး သေဆုံး

 

ဒမတ်စကတ်    ဩဂုတ်    ၁၁


အရှေ့ပိုင်း  ဒီယာအယ်ဇိုပြည်နယ် တွင်   ဩဂုတ် ၁၁ ရက်အစောပိုင်း က အစ္စလာမ္မစ်စစ်သွေးကြွ    (အိုင် အက်စ်)  တို့က  မော်တော်ယာဉ်  တစ်စီးကို ချုံခိုတိုက်ခိုက်မှုကြောင့် ဆီးရီးယားတပ်ဖွဲ့ဝင် ၂၃ ဦး သေဆုံး  ပြီး အခြား ၁၀ ဦးမှာလည်း ဒဏ်ရာ ရရှိကြောင်း စစ်ပွဲစောင့်ကြည့်အဖွဲ့ က ထုတ်ပြန်ထားသည်။ 


အိုင်အက်စ်   စစ်သွေးကြွများ က ဒီယာအယ်ဇို၏ အရှေ့ဘက် အယ်မာယာဒင်မြို့၏  သဲကန္တာရ ဒေသတွင်        ဘတ်စ်ကားကို တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယား  လူ့အခွင့်အရေး   စောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။


အိုင်အက်စ် စစ်သွေးကြွများက  ချုံခိုတိုက်ခိုက်ရန်    ပြင်ဆင်ခဲ့ပြီး လက်နက်များဖြင့် ဘတ်စ်ကားကို ပစ်ခတ်        တိုက်ခိုက်ခဲ့ကြောင်း ယူကေ   အခြေစိုက်စောင့်ကြည့်‌ ရေးအဖွဲ့က       ပြောကြားသည်။  ထုတ်ပြန်ချက်တွင် တိုက်ခိုက်မှုနှင့်  ပတ်သက်၍ ဆီးရီးယားတပ်ဘက် ဆိုင်ရာက  အတည်ပြုထားသော် လည်း   စုစုပေါင်း   သေဆုံးသူ         အရေအတွက်ကို  ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။


၂၀၂၃  ခုနှစ်မှစကာ  ကန္တာရ ဒေသ၌ အိုင်အက်စ်တို့ သတ်ဖြတ် မှုကြောင့်လူပေါင်း ၃၈၇ ဦး သေဆုံး ခဲ့ပြီးအများစုမှာ တပ်မတော်သား များဖြစ်ကြသည်။   အိုင်အက်စ် တို့သည်   အဆိုပါဒေသအတွင်း တိုက်ခိုက်မှုကို   အရှိန်မြှင့်တင်ခဲ့ ကြောင်း      လေ့လာသူများက ပြောကြားသည်။ 


ဆင်ဟွာ