အိုမီခရွန်ကူးစက်မှုမြင့်တက်လာချိန် သတိပြုရမည့်ဆောင်းရာသီ

 

ကေကေစိုး

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမထားကြသူများအတွက် ယခုနှစ်ဆောင်းတွင်း၌ အဖျားရောဂါပြင်းထန်ခြင်းနှင့် အသက်သေဆုံးသည်အထိဖြစ်လာနိုင်သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ဒီဇင်ဘာ ၁၆ ရက်တွင် သတိပေးခဲ့သည်။
 

 

ကန့်သတ်ချက်ထုတ်ပြန် 


ကိုဗစ်-၁၉     မျိုးကွဲအိုမီခရွန်ကူးစက်မှုမှာ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးခြိမ်းခြောက်မှု တစ်ခုဖြစ်သည်ဟု  ဂျီ- ၇ အဖွဲ့ကြီးက ပြောသည်။ ဗြိတိန်နိုင်ငံတွင်   ကိုဗစ်- ၁၉   ကူးစက်မှုပေါင်း ၈၈၀၀၀ ကျော် တွေ့ရှိပြီးနောက် ပြင်သစ်နိုင်ငံ အနေဖြင့်  ၎င်းတို့နိုင်ငံသားများ ဗြိတိန်နိုင်ငံသို့ သွားရောက်ခြင်းမပြုကြရန်      ခရီးသွားလာမှု ကန့်သတ်ချက် ထုတ်ပြန်ခဲ့သည်။ ဗြိတိန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုစံချိန်တင်များပြားနေသည် မှာ  နှစ်ရက်ဆက်တိုက်ရှိပြီဖြစ်သည်။

 


ကူးစက်မှုလျင်မြန် 


အိုမီခရွန်ကူးစက်မှုမှာ   မည်မျှထိလျင်မြန် သည်ကို သိပ္ပံပညာရှင်များ သေချာစွာ မသိရှိနိုင်သေး ချေ။ သို့သော်လည်း  အစောပိုင်းအချက်အလက်များ အရ အိုမီခရွန်မှာ ကာကွယ်ဆေးကို ပိုမိုခုခံနိုင်ပြီး ဒယ်လ်တာထက်   ပို၍ကူးစက်မှုလျင်မြန်သည်ဟု သိရသည်။  အိုမီခရွန်ကူးစက်မှုမှာ နိုင်ငံပေါင်း  ၇၇ နိုင်ငံသို့  ကူးစက်ပျံ့နှံ့သွားပြီဖြစ်ကြောင်း   ယခု သီတင်းပတ်အစောပိုင်းတွင်  ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကပြောသည်။  ယခင်ဗီဇပြောင်းထက်ပို၍ ကူးစက်မှုလျင်မြန်ကြောင်း     ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောသည်။

 


အကြံပြုထား 


 ကမ္ဘာ့နေရာအနှံ့အပြားမှ    နိုင်ငံများသည်  ၎င်းတို့နိုင်ငံသားများ နိုင်ငံရပ်ခြားသို့ခရီးသွားလာ ခြင်းမပြုကြရန် အကြံပြုထားကြပြီး  အိုမီခရွန် ကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် စည်းကမ်း တင်းကျပ်မှုများလည်း လုပ်ဆောင်ထားကြသည်။ ထို့ပြင် ကိုဗစ် - ၁၉ ကာကွယ်ဆေးကို အပိုဆောင်း အဖြစ်   တတိယအကြိမ်   ထိုးပေးနိုင်ရေးအတွက် လည်း ဦးတည်ဆောင်ရွက်လာကြသည်။

 


မီးမောင်းထိုးပြလျက်ရှိ 


  အိုမီခရွန် ပေါ်ပေါက်လာခြင်းမှာ တစ်ကမ္ဘာလုံး ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအတွက် ခြိမ်းခြောက် မှုကြီးဖြစ်ပြီး နိုင်ငံအများအပြားအနေဖြင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် သတင်းအချက်အလက် များ ဖလှယ်ရန်တို့အတွက် ပိုမိုအရေးကြီးကြောင်း မီးမောင်းထိုးပြလျက်ရှိသည်ဟု     ဂျီ-၇အဖွဲ့ကြီး က  ဒီဇင်ဘာ ၁၆ ရက်တွင် ပြောသည်။ 
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည်  ကာကွယ် ဆေးနှစ်ကြိမ်ထိုးပြီးသူ  ပြည်သူများကို    တတိယ အကြိမ်ကာကွယ်ဆေးထိုးရန်အတွက် တိုက်တွန်း ခဲ့သည်။   ကိုဗစ် -၁၉ ကူးစက်ခြင်းမှ ကာကွယ်နိုင် သည့်  တစ်ခုတည်းသောနည်းလမ်းမှာ ကာကွယ် ဆေးထိုးခြင်းပင်ဖြစ်သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က  ပြောသည်။ 

 


အထူးအာရုံစိုက်သွားမည် 


၎င်းတို့အစိုးရအဖွဲ့အနေဖြင့်  သီးခြားကန့်သတ် ချက်မျိုးပြုလုပ်ရန် မရည်ရွယ်သော်လည်း ကာကွယ် ဆေးထိုးခြင်းအပေါ်တွင်မူ အထူးအာရုံစိုက်သွားမည် ဟု   အိမ်ဖြူတော်တွင်   အမေရိကန်သမ္မတက ပြောကြားခဲ့သည်။ 
အမေရိကန်နိုင်ငံသားများ ကာကွယ်ဆေးထိုး ကြရန်နှင့်           နှစ်ကြိမ်ထိုးပြီးသားများလည်း အပိုဆောင်း နောက်တစ်ကြိမ်ထိုးကြရန် တွန်းအား ပေးဆောင်ရွက်သွားမည်ဟု       အိမ်ဖြူတော် လက်ထောက်ပြောရေးဆိုခွင့်ရှိသူ   ကရိန်းယန်း ပီရက်ဇ်က ပြောသည်။ 

 


စိုးရိမ်စရာအခြေအနေ 


အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကြောင့် အထိခိုက်ရဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး လက်ရှိတွင်ကိုဗစ်  -၁၉ကြောင့် တစ်ရက်အတွင်း ပျမ်းမျှအားဖြင့်လူပေါင်း ၁၁၅၀ သေဆုံးလျက်ရှိသည်ဟု        အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ အချက် အလက်များအရ သိရသည်။  ဒီဇင်ဘာလ ပထမ နှစ်ပတ်အတွင်း ကိုဗစ် - ၁၉ နေ့စဉ်ကူးစက်မှုနှုန်း မှာ အမေရိကန်ပြည်ထောင်စုတွင် ၃၅ ရာခိုင်နှုန်း များပြားလျက်ရှိသည်။     အိုမီခရွန်ကူးစက်မှုမှာ ဗြိတိန်နိုင်ငံအတွက်လည်း  စိုးရိမ်စရာအခြေအနေဖြစ်နေခဲ့သည်။ 

 


စိုးရိမ်နေရ 


ပြီးခဲ့သည့်နှစ်အတွင်းကလည်း     အယ်လ်ဖာ မျိုးကွဲကြောင့်   ဗြိတိန်နိုင်ငံတွင်  ခရစ္စမတ်ပွဲများ ကျင်းပရာတွင်   အနှောင့်အယှက်အဟန့်အတား များ  ဖြစ်ခဲ့ရသည်။ 
ယခုနှစ်တွင်မူ ကွဲပြားခြားနားမှုရှိလိမ့်မည်ဟု ဗြိတိန်အစိုးရက  ယူဆခဲ့သည်။  သို့သော်လည်း ကူးစက်မှုများမှာ   စံချိန်တင်များပြားလာခဲ့သည်။  ခရစ္စမတ်ကာလပွဲတော်ရာသီအတွင်း  အိုမီခရွန် ကူးစက်မှုများကြောင့်  ဆေးရုံတက်ရသည့်အရေ အတွက်များပြားလာပြီးဆေးရုံများတွင်   ဝန်ထုပ် ဝန်ပိုးဖြစ်လာမည်ကို စိုးရိမ်နေကြရသည်။ 

 


ဖျက်သိမ်းခဲ့ရ 


ဗြိတိန်နိုင်ငံသား   အများအပြားသည်လည်း ၎င်းတို့၏ အစီအစဉ်များကို ပြောင်းလဲနေရသည်။ ဗြိတိန်ဘုရင်မကြီးအဲလစ်ဇဘတ် (၂)သည်ပင်လျှင် လာမည့်သီတင်းပတ်အတွင်း      ခရစ္စမတ်အကြို မိသားစုနေ့လယ်စာစားပွဲကို       ဖျက်သိမ်းခဲ့ရ သည်။   ဗြိတိန်ဝန်ကြီးချုပ်  ဘောရစ်ဂျွန်ဆင်က ယင်းကဲ့သို့စုဝေးမှုမျိုး ဆက်လက် ပြုလုပ်နိုင်သည်ဟု ပြောထားသည့်ကြားမှပင်     ကြိုတင်ကာကွယ်မှု အတွက် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။  

 


ပရီမီယာလိဂ် ဘောလုံးပွဲစဉ် ခြောက်ခုမှာလည်း ဒီဇင်ဘာ ၁၆ ရက်က ရွှေ့ဆိုင်းခဲ့ရသည်။ ဗြိတိန် နိုင်ငံတွင် ကူးစက်မှုများ များပြားနေစဉ်  ဒီဇင်ဘာ ၁၆ ရက်တွင်   ဗြိတိန်နိုင်ငံမှ   ပြင်သစ်နိုင်ငံသို့ ပြေးဆွဲသည့်   အရေးတကြီးမဟုတ်သည့်   ခရီး စဉ်များအားလုံးကို  ပြင်သစ်နိုင်ငံက   ဖျက်သိမ်း ခဲ့သည်။

 


ဖိအားများလျက်ရှိ 


ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ဗြိတိန်နိုင်ငံမှ ခရီးသွားများ ပြင်သစ်နိုင်ငံသို့လာရောက်လိုလျှင် အရေးကြီးသည့်    အကြောင်းပြချက်လိုအပ်ပြီး  ကာကွယ်ဆေးထိုးပြီးသားဖြစ်စေ   မထိုးရသေး သည်ဖြစ်စေ             သာမန်ခရီးသွားလာသည့် အကြောင်းပြချက်မျိုးဖြင့်     ပြင်သစ်နိုင်ငံသို့ လာရောက်၍မရဟု သိရသည်။

 


ကနေဒါနိုင်ငံသည်လည်း ခရစ္စမတ် အားလပ် ရက်ကာလအတွင်း ၎င်းတို့နိုင်ငံသားများ နိုင်ငံခြား တိုင်းပြည်များသို့   ခရီးသွားလာခြင်းမှ    ရှောင်ရှား ကြရန် တိုက်တွန်းထားသည်။ 

 


ကိုဗစ်- ၁၉  မျိုးကွဲ အိုမီခရွန်မှာ စိုးရိမ်ဖွယ်ရာ ဖြစ်ပြီး   လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့နေကြောင်း၊   ထို့ကြောင့်   ပြည်သူများ၏   ကျန်းမာရေးစနစ်နှင့်  လူမှုအဖွဲ့အစည်းများအပေါ်ဖိအားများ များလျက်ရှိ ကြောင်း  အိုင်ယာလန်ဝန်ကြီးချုပ်   မိုက်ကယ် မာတင်က  ဘရပ်ဆဲလ်တွင်  သတင်းထောက်များ ကိုပြောသည်။

 


အတည်ပြုပေးခဲ့ 


စပိန်အစိုးရသည်လည်း   အသက်   ၄၀  နှင့် အထက်များကို ကာကွယ်ဆေးအပိုဆောင်း  ထိုး နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။ လက်ရှိတွင် အသက် ၆၅ နှစ်နှင့်အထက်များကို  အပိုဆောင်းကာကွယ်ဆေးထိုးပေးလျက်ရှိသည်။       ဖိုက်ဇာ ကိုဗစ်- ၁၉ ဆေးတောင့်များကိုလည်း    ဥရောပဆေး ကြီးကြပ်သူများက      အတည်ပြုပေးကြောင်း  ဒီဇင်ဘာ  ၁၆ ရက်တွင် ကြေညာခဲ့သည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် ကိုဗစ်  -၁၉ မျိုးကွဲကူးစက်မှုများပြားလာသည့်အတွက် ယခုလို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။      ။
ကိုးကား - အေအက်ဖ်ပီ