အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ မျိုးကွဲ BA .5 ကို ကာကွယ်တိုက်ဖျက်ရန် ဂျပန်အစိုးရ ခရိုင်များကို လုပ်ပိုင်ခွင့်ပေးမည့်စနစ်တစ်ခု ဖန်တီးပေး

တိုကျို ဇူလိုင် ၂၉ ဂျပန်အစိုးရသည် အိုမီခရွန်ဗီဇ ပြောင်း ကိုဗစ်-၁၉ မျိုးကွဲ BA.5 ကို ကာကွယ်တိုက်ဖျက်နိုင်ရန် ခရိုင်များကို လုပ်ပိုင်ခွင့်ပေးမည့် စနစ်တစ်ခု ဖန်တီးပေးရန် ဇူလိုင် ၂၉ ရက်က ဆုံးဖြတ်ခဲ့သည်။ ခရိုင်အစိုးရများကို ၎င်းတို့၏ ဆေးဘက်ဆိုင်ရာ အဆောက် အအုံများ၌ ဝန်ပိလာသောအချိန် တွင် ကြေညာချက်ထုတ်ပြန်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ကြေညာချက် ထုတ်ပြန်ပြီး နောက် ခရိုင်အစိုးရများက ဒေသခံ များကို ကိုဗစ်-၁၉ ကာကွယ် ရေးဆောင်ရွက်ချက်များနှင့်အတူ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုကို ဆောလျင်စွာခံယူရန် တိုက်တွန်း လိမ့်မည်ဖြစ်သလို အဝေးမှ အလုပ်လုပ်ရန် အခြေအနေများကို အားပေးကူညီလိမ့်မည်ဖြစ်သည်။ ထို့ပြင် အသက်အရွယ်ကြီးရင့် သူ နိုင်ငံသားများနှင့် ရောဂါအခံ ရှိသူများကို လူထူထပ်ရာနေရာ ဒေသများကို သွားရောက်ခြင်းမှ ရှောင်ရှားရန် တိုက်တွန်းပေးလိမ့် မည်ဖြစ်သည်။ ဗဟိုအစိုးရသည် ကိုဗစ်-၁၉ ဆန့်ကျင် ကာကွယ်ရေးအတွက် ခရိုင်အစိုးရများကို ထောက်ပံ့ ကူညီပေးမည်ဖြစ်သည်။ အင်န်အိတ်ချ်ကေ