အိုက်စလန်နိုင်ငံ၌ ငလျင်လှုပ်ပြီးနောက် နှစ်လခန့်အကြာတွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပွား

ရေဂျာဗစ်   ဒီဇင်ဘာ  ၁၉ 
အိုက်စလန်နိုင်ငံ     အနောက် တောင်ပိုင်းတွင် ဒီဇင်ဘာ ၁၈ ရက် က မီးတောင်တစ်ခု   ပေါက်ကွဲမှု ဖြစ်ပွားကြောင်း၊    ငလျင်လှုပ်မှု ဖြစ်ပွားပြီးနောက်    နှစ်လခန့် အကြာတွင်   အဆိုပါ  မီးတောင် ပေါက်ကွဲမှု     ဖြစ်ပွားခြင်းဖြစ် ကြောင်း သိရသည်။ 
မီးတောင်    ပေါက်ကွဲမှုမှာ ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက  ဂရင် ဒါဗစ်ခ်မြို့၏ အရှေ့မြောက်ဘက် လေးကီလို မီတာခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိုးလေ ဝသအာဏာပိုင်များက     ပြော သည်။       အိုက်စ်လန်နိုင်ငံ၏ အနောက်တောင်ပိုင်း ဒေသအချို့ တွင် အောက်တိုဘာလနောက်ပိုင်း ငလျင်လှုပ်မှုများ     ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။ 
ငလျင်   လှုပ်မှုများကြောင့် မြေပြင်နှင့်လမ်းများတွင် အက်ကွဲ ကြောင်းများနှင့်    လိုဏ်ဂူကဲ့သို့ အပေါက်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။  မီးတောင်ပေါက်ကွဲ နိုင်သည့်      အလားအလာရှိသည့် အတွက်     အိုက်စလန်အာဏာ ပိုင်များက နိုဝင်ဘာ ၁၀ ရက်တွင် အရေးပေါ်အခြေအနေ  ထုတ်ပြန် ကြေညာခဲ့သည့်အပြင်    ဧရိယာ အတွင်း    ဝင်ရောက်ခွင့်ကိုလည်း ကန့်သတ်ခဲ့သည်။      ဂရင်ဒါဗစ်ခ် ဒေသခံ ၄၀၀၀ ခန့်ကို   ဘေးလွတ် ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် အိုက်စလန် ရှိ မီးတောင်တစ်ခု  ပေါက်ကွဲခဲ့ကာ ကြီးမားသော    ပြာမီးခိုးလုံးများ လေထုထဲသို့ ပန်းထွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ    ပြာမီးခိုး လုံးကြီးများက လေယာဉ်အင်ဂျင် များအား ထိခိုက်မည်ကို    စိုးရိမ် သည့်အတွက်   ဥရောပတစ်ဝန်း လေယာဉ်ခရီးစဉ် ၁၀၀၀၀၀ ကျော် ကို ရက်များစွာကြာ ရပ်နားထားခဲ့ ရသည်။          အင်န်အိတ်ချ်ကေ