
နေပြည်တော် ဒီဇင်ဘာ ၂၇
မန္တလေး အိုးဘိုထောင်တွင် နိုင်ငံရေးအမှု နှင့် ထောင်ကျနေသည့် အမျိုးသမီးများ ကို မနက်အစောပိုင်းတွင် ရေချိုးခိုင်း ပြီး လေသာဆောင်တွင် ထဘီရင်လျားနှင့် ပုံစံထိုင်ခိုင်းခြင်းများ ပြုလုပ်မှုကြောင့် အမျိုးသမီး လေးပုံ သုံးပုံခန့် နာမကျန်း ဖြစ်ပြီး ဆေးကုသခွင့်လည်းမရဟု လူမှု ကွန်ရက်စာမျက်နှာများတွင် ကောလာ ဟလသတင်းများ ရေးသားဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ အကျဉ်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ အကျဉ်းထောင်ဝန်ထမ်းများ အနေဖြင့် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများအပေါ်တွင် စိတ်ပိုင်းဆိုင်ရာနှိပ်စက်ခြင်း၊ မိုက်ရိုင်းစွာ ပြောဆိုဆက်ဆံခြင်း၊ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းများမရှိဘဲ အကျဉ်းထောင် အက်ဥပဒေ၊ လက်စွဲဥပဒေ၊ အမိန့်၊ ညွှန်ကြား ချက်များနှင့်အညီသာ စည်းကမ်းစနစ်တကျ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင် များတွင် နေ့စဉ်သမားစဉ်လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းအပေါ် ပြည်သူအချို့က အကျဉ်းဦးစီးဌာနနှင့် အကျဉ်းထောင်ဝန်ထမ်းများအား အထင် အမြင် လွဲမှားစေရန် တမင်ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ထိုးနှက်ခြင်းသာဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်