အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ  ဂျမူးနှင့် ကက်ရှ်မီးယားသို့ ပထမဆုံးခရီးစဉ်သွားရောက်

 

 

ကက်ရှ်မီးယား   ဧပြီ   ၂၅ 
အိန္ဒိယအစိုးရသည်        ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို    ဖျက်သိမ်းလိုက် သည့်  ၂၀၁၉   ခုနှစ်ကတည်းက စကာ    အိန္ဒိယဝန်ကြီးချုပ် နာရန် ဒရာမိုဒီသည်     ၎င်း၏ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ်   အဆိုပါ ဒေသများသို့ သွားရောက်ခဲ့သည်။ 
နာရန်ဒရာမိုဒီက     အဆိုပါ ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုများ ရက်ရက်ရောရော        ပြုလုပ်ရန် ကတိပေးခဲ့သည်။  ဧပြီ ၂၄ ရက်က ထောက်ခံသူများကို   ပြောကြား သော      မိန့်ခွန်းတွင်    မိုဒီက အမေရိကန်ဒေါ်လာ   ၂     ဒသမ ၅   ဘီလီယံတန်ဖိုးရှိ    လျှပ်စစ် စွမ်းအားနှင့် လမ်းပန်းချိတ်ဆက် မှုလုပ်ငန်းအကြောင်း ပြောကြား ခဲ့သည်။ 
အဆိုပါဒေသကို အိန္ဒိယနှင့် အိမ်နီးချင်း       ပါကစ္စတန်တို့က သူပိုင်ကိုယ်ပိုင် တောင်းဆိုလျက် ရှိသည်။  
အင်န်အိတ်ချ်ကေ