
နေပြည်တော် ဖေဖော်ဝါရီ ၂၀
အိန္ဒိယတပ်မတော်မှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသော COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး doses တစ်သိန်း တင်ဆောင်လာသော မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ခရီးစဉ်အမှတ် HM-621 လေယာဉ်သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။
အဆိုပါ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI)လေယာဉ်ဖြင့် ရောက်ရှိလာသော COVIDSHIELD ကိုဗစ်- ၁၉ ကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ နယ်မြေခံဆေး သိုလှောင်ရေးတပ်မှ တာဝန်ရှိသူများက လေဆိပ်တွင် လွှဲပြောင်း လက်ခံရယူသည်။
ထိုသို့ ရောက်ရှိလာသောCOVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးသည် (10 doses per Vial ထုပ်ပိုးမှုပုံစံ) ဆေးအလုံးရေ ၁၀၀၀၀ ဆေးပုံးအရေအတွက် ရေခဲဖော့ပုံး (Thermocol Boxes) ပုံး ၂၀ အလေးချိန် ၄၀၀ ကီလိုဂရမ် ရောက်ရှိလာခြင်းဖြစ်သည်။
အဆိုပါ COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဆေး တစ်ပုလင်းလျှင် လူ ၁၀ ဦး ထိုးနိုင်ပြီးလူဦးရေ doses တစ်သိန်းအတွက် ဖြစ်ကြောင်း သိရသည်။
ယနေ့ညပိုင်းတွင် ရန်ကုန်မြို့လေဆိပ်သို့ရောက်လာသော ဆေး များကို အအေးလမ်းကြောင်းမပျက် မော်တော်ယာဉ်များဖြင့် ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့နယ်မြို့မကျောင်းလမ်းရှိနယ်မြေခံ ဆေးသိုလှောင် ရေးတပ်(စတိုခွဲ)သို့ ပို့ဆောင်ထားရှိမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်