အိန္ဒိယတံတားပြတ်ကျမှုဖြစ်စဉ်နှင့် ပတ်သက်ဆက်နွှယ်သူ ကိုးဦးကို ရဲများ ဖမ်းဆီး

 

နယူးဒေလီ   နိုဝင်ဘာ   ၁ 


အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် လူအစု လိုက်    သေဆုံးခဲ့သော   တံတားပြတ်ကျမှုနှင့် ပတ်သက်ဆက်နွှယ်သူ   ကိုးဦးကို   အိန္ဒိယ ရဲများက   မကြာသေးမီက  ဖမ်းဆီးထိန်းသိမ်း လိုက်သည်။ 

 


ကယ်ဆယ်ရှာဖွေမှုများ တတိယရက်ထဲ  ဝင်ရောက်လာချိန်တွင်    တံတားပြတ်ကျမှု ကြောင့် သေဆုံးသူ ၁၃၄ ဦးအထိ မြင့်တက် လာပြီဖြစ်ကြောင်း ရဲများက ပြောသည်။ 

 


ဖမ်းဆီး    ထိန်းသိမ်းထားသူများထဲတွင်  စီမံအုပ်ချုပ်ရေးပိုင်း၊ လက်မှတ်ရောင်းနှင့် လုံခြုံ ရေး ဝန်ထမ်းများပါဝင်ကြောင်း အာဏာပိုင် များက ဆက်ပြောသည်။

 


၎င်းတို့ကို  လူသတ်မှုနှင့် ပေါ့ဆမှုများဖြင့်  စွဲချက်တင်ထားသည်။ တံတားပြတ်ကျချိန်တွင် တံတားဘေးတစ်ဖက်တစ်ချက်ရှိ လူသွားလမ်း များပေါ်တွင် လူများပြည့်ကျပ်နေသည်။ 

 


နည်းပညာပိုင်းနှင့်သာမက       တံတား ဖွဲ့စည်းပုံဆိုင်ရာ ချွတ်ယွင်းချက်များနှင့် ပြုပြင် ထိန်းသိမ်းမှုဆိုင်ရာ ပြဿနာများက တံတား ပြတ်ကျမှုကို    ဖြစ်ပွားစေခဲ့သည့်   အဓိက အကြောင်းတရားများဖြစ်ကြောင်း      ကနဦး လေ့လာ ဆန်းစစ်မှုများက ဖော်ပြသည်။


ဝန်ကြီးချုပ်  နာရိန်ဒရာမိုဒီသည်   ကယ် ဆယ်ရေးလုပ်ငန်းများကို စောင့်ကြည့်လျက် ရှိသည်။                              

အင်န်အိတ်ချ်ကေ