
နယူးဒေလီ နိုဝင်ဘာ ၃
အိန္ဒိယနိုင်ငံ မြို့တော် ဒေလီ ပတ်ဝန်းကျင်တွင် လေထု ညစ်ညမ်းမှု အရည်အသွေး ပိုမို ဆိုးရွားလာကြောင်း အာဏာပိုင် များက နိုဝင်ဘာ ၃ ရက်က ပြောကြားလိုက်သည်။
ဗဟို လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအဖွဲ့၏ အဆိုအရ လေထုအရည်အသွေး အညွှန်း ကိန်းသည် ဆိုးရွားပြင်းထန်သော အဆင့်သတ်မှတ်ချက် ၄၄၂ တွင် ရှိကြောင်း ဖော်ပြထားသည်။
လေထု အရည်အသွေးသည် ဆိုးရွားပြီး သိသာထင်ရှားသည့် လေထုညစ်ညမ်းမှုများမှာ ပီအမ် ၂ ဒသမ ၅ နှင့် ပီအမ် ၁၀ တို့ဖြစ် သည်ဟု ဗဟိုလေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအဖွဲ့က ဖော်ပြခဲ့ သည်။
ဒေလီတစ်ဝန်း တည်ထောင် ထားသော လေထုအရည်အသွေး ထိန်းချုပ်စောင့်ကြည့်ရေးစင်တာများမှတစ်ဆင့် သတင်းအချက် အလက်များကို ရရှိခဲ့ခြင်းဖြစ် သည်။
ကျွမ်းကျင်သူများက ပီအမ် ၂ ဒသမ ၅ သည် သေးငယ်သော အမှုန်အမွှားများဖြစ်ပြီး ၎င်းတို့ သည် အချင်းအား ဖြင့် ၂ ဒသမ ၅ မိုက္ကရွန် သို့မဟုတ် ထို့ထက် သေးငယ်သော အမှုန်များဖြစ်ကာ အသက်ရှူ လမ်းကြောင်းထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်နိုင်ပြီး အဆုတ်သို့ ရောက်ရှိကာ သွေး ကြောအတွင်းသို့ ဝင်ရောက်နိုင် ကြောင်း ပြောသည်။
ထို့ကြောင့် ကျန်းမာရေး အရာရှိများက ပြည်သူများ အထူး သဖြင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါရှိသူများကို လေထု အရည်အသွေး မကောင်းသရွေ့ အပြင်ထွက်ခြင်းများကို နည်းနိုင် သမျှနည်းအောင် သတိထားရန် တိုက်တွန်းပြောကြားထားသည်။
လေထုအရည်သွေးကျဆင်းခြင်း သည် အဆုတ်ရောဂါရှိသူများ အပေါ် ပြင်းထန်စွာ ဆိုးကျိုး သက်ရောက်နိုင်သကဲ့သို့ ကျန်းမာ သူများအပေါ်လည်း သက်ရောက် နိုင်သည်။
ဆင်ဟွာ