ကိုလံဘို ဒီဇင်ဘာ ၃၀
အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း  ဆူမားတြား၌   ငလျင်လှုပ်ခဲ့ခြင်းကြောင့် သီရိလင်္ကာနိုင်ငံ၌ ဒီဇင်ဘာ ၃၀ ရက်တွင် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု အမျိုးသားဆူနာမီသတိပေးစင်တာမှ ပြောသည်။ 
ကမ်းရိုးတန်းဒေသတွင် နေထိုင်ကြသည့်ပြည်သူများ သတိထား ကြရန် ဆူနာမီသတိပေးစင်တာက ကနဦးထုတ်ပြန်ခဲ့သည်။ ထို့နောက် အဆိုပါဒေသတွင်လုံခြုံကြောင်း နောက်ဆုံးထုတ်ပြန်ချက် ထုတ်ပြန် ခဲ့သည်။    သီရိလင်္ကာနိုင်ငံ၌    ၂၀၀၄   ခုနှစ်တွင်   ဆူနာမီကြောင့်  သေဆုံးခဲ့ရသည့်လူများကို အောက်မေ့သတိရသည့်အနေဖြင့် ဒီဇင်ဘာ ၂၆ ရက်ကို အမျိုးသားဘေးအန္တရာယ်လုံခြုံရေးနေ့အဖြစ် သတ်မှတ် ခဲ့သည်။  
ဆင်ဟွာ 
      


