
နယူးဒေလီ ဇန်နဝါရီ ၂၆
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာမိုဒီနှင့် ပြင်သစ် နိုင်ငံသမ္မတ အီမန်နျူရယ် မက်ခရွန်တို့သည် ဇန်နဝါရီ ၂၅ ရက်က ကျင်းပခဲ့သည့် နှစ်နိုင်ငံထိပ်သီး အစည်းအဝေးတွင် နှစ်နိုင်ငံအကြား မဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။
ဝန်ကြီးချုပ် မိုဒီသည် အိန္ဒိယနိုင်ငံ၏ သမိုင်းဝင် မြို့တော်ဂျိုင်ပါရ်တွင် သမ္မတမက်ခရွန်ကို လက်ခံ တွေ့ဆုံခဲ့ပြီး ကာကွယ်ရေးစနစ်များ ပူးပေါင်း ဆောင်ရွက်ရေး လမ်းပြမြေပုံကို သဘောတူခဲ့ကြသည့် အပြင် အင်ဒို-ပစိဖိတ်ဒေသတွင်း လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ၎င်းတို့နှစ်ဦးသည် ယီမင်၏ ဟူသီသူပုန်များက ကုန်သွယ်ရေးသင်္ဘောများကို တိုက်ခိုက်ပြီး ကမ္ဘာလုံး ဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များကို နှောင့်ယှက် နေမှုနှင့်ပတ်သက်သည့် ပင်လယ်နီလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
ပြင်သစ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အနီးကပ် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်လာပြီး နယူး ဒေလီက ၎င်းတို့၏ လေယာဉ်တင်သင်္ဘောအတွက် ရာဖယ်လ်တိုက်လေယာဉ် ၂၆ စင်း ဝယ်ယူရန် ကြိုးပမ်းလျက်ရှိကာ ပြင်သစ်နိုင်ငံကလည်း အိန္ဒိယနိုင်ငံသို့ ရေငုပ်သင်္ဘောများ ထပ်မံရောင်းချရန် ဆန္ဒရှိနေကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ