ရန်ကုန် ဩဂုတ် ၂၇
အိန္ဒိယနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ မြင်းစီးအားကစား ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်ကာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ မြင်းစီးစက်ထိုးကစားနည်း (Tent Pegging) သင်တန်းကို ဖွင့်လှစ်မည် ဖြစ်ရာ မြန်မာနိုင်ငံကိုယ်စားပြု အားကစား သမားများ တက်ရောက်နိုင်ရန် မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ စေလွှတ်သွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတက်ရောက်ရန် Tent Pegging အရည်အချင်းစစ်ပြိုင်ပွဲကို နေပြည် တော် မြင်းစီးအားကစားကွင်း၌ ယခုနှစ် စက်တင်ဘာ ၇ ရက်မှ ၈ ရက်အထိ ကျင်းပ မည်ဖြစ်ရာ အရည်အချင်းစစ်ပြိုင်ပွဲအတွက် အသက်ကန့်သတ်ထားခြင်းမရှိဘဲ စိတ်ပါ ဝင်စားသည့် မြင်းစီးအားကစားသမားများ အနေဖြင့် သြဂုတ် ၃၁ ရက် နောက်ဆုံးထား စာရင်းပေးသွင်းကြရမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင်ပါဝင်မည့် မြင်းများ အားလုံးသည် စက်တင်ဘာ ၃ ရက် နောက်ဆုံး ထားကာ နေပြည်တော် မြင်းစီးအားကစား ကွင်းသို့ ရောက်ရှိရမည်ဖြစ်ပြီး မြင်းများ သယ်ယူပို့ဆောင်ရာတွင် အမြန်လမ်းအသုံးပြု လိုပါက ထွက်ခွာမည့်ရက်မတိုင်မီ ငါးရက် ကြိုတင်၍ အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ထံ အမြန်လမ်းအသုံးပြုရန် ခွင့်ပြုမိန့်ရရှိရေးလျှောက်ထားရမည်ဖြစ်ကာ မြင်းနှင့် မြင်းထိန်း များ နေပြည်တော် မြင်းစီးအားကစားကွင်း သို့ရောက်ရှိပါက ကွင်းတာဝန်ခံ ဖုန်း ၀၉- ၂၅၉၀၈၂၂၉၃ ထံသို့ ဆက်သွယ်သတင်းပို့ ကြရမည်ဖြစ်သည်။
အခြေခံ Tent Pegging သင်တန်း တက်ရောက်ရန် အရည်အချင်းပြည့်မီသူများ ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့၌ ဖွင့်လှစ်မည့် အခြေခံ Tent Pegging သင်တန်းတက်ရောက်ရမည် ဖြစ်ပြီး နိုင်ငံကူးလက်မှတ် လက်ဝယ်ရှိသူကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလို ပါက ဖုန်း ၀၉-၇၉၅၄၀၈၀၅၂၊ ၀၉-၅၀၂၁၃၂၈ နှင့် ၀၉- ၄၄၃၁၇၀၅၅၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း မြန်မာနိုင်ငံ မြင်းစီး အားကစားအဖွဲ့ချုပ်မှ သိရသည်။
အာကာစိုး