
နယူးဒေလီ မတ် ၁၅
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၂၅၆၈ ဦးရှိလာသောကြောင့် မတ် ၁၅ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၄၂၉၉၆၀၆၂ ဦးအထိ ရောက်ရှိ လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်လိုက် သော အချက်အလက်များတွင် ဖော်ပြထားသည်။
ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၉၇ ဦးရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၅၁၅၉၇၄ ဦးအထိ ရောက်ရှိ လာခဲ့သည်။ နိုင်ငံအတွင်း လတ်တလောကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား လျက်ရှိသူ ၃၃၉၁၇ ဦးအထိရောက်ရှိလာပြီး လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၂၅၁ ဦး ကျဆင်းခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပျောက်ကင်းသွားပြီး ဆေးရုံမှ ဆင်းလာသူ စုစုပေါင်း ၄၂၄၄၆၁၇၁ ဦးရှိလာပြီဖြစ်သည်။ အဆိုပါ ပမာဏ အနက် လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံမှ ဆင်းလာသူ ၄၇၂၂ ဦးရှိသည်။
ဆင်ဟွာ