အိန္ဒိယနိုင်ငံတွင် ကားထုတ်လုပ်မှုများတိုးချဲ့နိုင်ရေး ကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ ဆူဇူကီး ရင်းနှီးမြှုပ်နှံသွားမည်

 

နယူးဒေလီ ဇန်နဝါရီ ၁၁


ဂျပန်ကားထုတ်လုပ်ရေး  ကုမ္ပဏီ ဖြစ်သည့် ဆူဇူကီးကုမ္ပဏီသည် ၎င်းတို့၏ အဓိက ဈေးကွက်ဖြစ် သည့် အိန္ဒိယတွင် စီမံကိန်းနှစ်ခု တိုးချဲ့နိုင်ရန်အတွက်  အမေရိကန် ဒေါ်လာ ၄ ဒသမ ၆  ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဟု ကြေညာ ခဲ့သည်။ 


၂၀၂၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံအနောက်ပိုင်းပြည်နယ်ဖြစ်သည့် ဂူဂျာရတ်ပြည်နယ်တွင်    စက်ရုံ သစ်ဖွင့်လှစ်နိုင်ရေး    သဘော တူညီမှုရရှိခဲ့သည်ဟု   ဇန်နဝါရီ ၁၀ရက်တွင် ဆူဇူကီးကုမ္ပဏီဘက် က ပြောသည်။ 


နှစ်စဉ်     ကားထုတ်လုပ်မှု စွမ်းအားမှာ       ကားအစီးရေ တစ်သန်းကျော် ထုတ်လုပ်နိုင်ရေးမျှော်မှန်းထားသည်။ 
ထို့ပြင် ဆူဇူကီးကုမ္ပဏီသည် ပြည်နယ်အတွင်း တည်ရှိပြီးသား စက်ရုံတွင် လျှပ်စစ်ကားထုတ်လုပ် သွားနိုင်ရန်လည်း    စီစဉ်ထား သည်။ ၂၀၂၆ ခုနှစ် အစောပိုင်းတွင် လျှပ်စစ်ကား ထုတ်လုပ်နိုင်မည်ဖြစ် ပြီးစက်ရုံတွင် တစ်နှစ်လျှင် ကား အစီးရေ ၂၅၀၀၀၀ အထိ  တိုးမြှင့် ထုတ်လုပ်နိုင်မည်ဟု သိရသည်။ 


မြောက်ပိုင်းပြည်နယ်   ဖြစ် သည့်    ဟာယာနာတွင်လည်း ကားစက်ရုံ   တည်ဆောက်သွား နိုင်ရေး    သဘောတူညီမှုရရှိပြီး ဖြစ်သည်ဟု ဆူဇူကီးကုမ္ပဏီက အစောပိုင်းတွင်ကြေညာခဲ့သည်။ 


အဆိုပါ   စီမံကိန်းများသည် အိန္ဒိယရှိ  ကုမ္ပဏီ၏   စုစုပေါင်း ထုတ်လုပ်နိုင်မှု     စွမ်းအားကို တစ်နှစ်လျှင်    လေးသန်းအထိ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ 


၂၀၂၃ ခုနှစ် မတ်လမှစတင် ကာ  နိုင်ငံအတွင်း  ကားအစီးရေ ၁ ဒသမ  ၉  သန်း   ထုတ်လုပ်နိုင်ခဲ့ သည်ဟု သိရသည်။ 


အင်န်အိတ်ချ်ကေ