အိန္ဒိယနိုင်ငံတောင်ပိုင်း၌ ရထားတွဲ မီးလောင်ရာ ကိုးဦးသေဆုံးပြီး ၅၀ ဒဏ်ရာရ

 

နယူးဒေလီ  ဩဂုတ်  ၂၆


အိန္ဒိယနိုင်ငံတောင်ပိုင်း     တမီးလ်နာဒူပြည်နယ်၌ ဩဂုတ်  ၂၆  ရက်က ရထားတွဲတစ်စင်း ဓာတ်ငွေ့အိုး ပေါက်ကွဲမှုကြောင့်    မီးလောင်မှုဖြစ်ပွားရာ   ကိုးဦး ထက်မနည်းသေဆုံးပြီး ၅၀  ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။     


ပြည်နယ်အတွင်း    မာဒူရိုင်းဘူတာရုံအနီးတွင်  ရထားလမ်းချော်မှု   ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး   သေဆုံး သူအားလုံးမှာ  ဥတရာပရာဒေ့ရှ်ပြည်နယ်မှ   လာကြ သည့် ဘုရားဖူးများဖြစ်ကြသည်။ 


အဆိုပါရထား၏    အထူးတန်း    သီးသန့်တွဲမှာ ဩဂုတ် ၂၆ ရက်က ဥတရာပရာဒေ့ရှ်မှရောက်ရှိလာခြင်းဖြစ်ပြီး    ဘူတာရုံအနီးတွင် ရပ်နားထားသည်။  အယ်လ်ပီဂျီဓာတ်ငွေ့အိုးကို        ရထားတွဲအတွင်း    တရားမဝင်သယ်ဆောင်လာခြင်းဖြစ်ပြီး     အဆိုပါ ဓာတ်ငွေ့အိုးပေါက်ကွဲမှုကြောင့်     မီးလောင်ခဲ့ခြင်း ဖြစ်သည်ဟု   တောင်ပိုင်းပြည်နယ်    မီးရထားဌာနမှ  အကြီးအကဲတစ်ဦးက ပြောသည်။  


သီးသန့်တွဲအတွင်းလိုက်ပါလာသည့် ခရီးသည် များသည်   ဓာတ်ငွေ့အိုးကို  တရားမဝင် သယ်ဆောင် လာခြင်းဖြစ်ပြီး   ယင်းကြောင့်  မီးလောင်ခဲ့ခြင်းဖြစ် သည်။     မီးလောင်နေသည်ကို    သတိပြုမိသည့်    ခရီးသည်များသည် ရထားတွဲအတွင်းမှ  ထွက်ပြေး ခဲ့ကြသည်ဟု တောင်ပိုင်းမီးရထားဌာနမှ  ကြေညာ ချက် ထုတ်ပြန်သည်။                 
 

ဆင်ဟွာ