
နယူးဒေလီ ဩဂုတ် ၁
အိန္ဒိယနိုင်ငံအနောက်ပိုင်း၌ ဝန်ချီ စက်တစ်ခုပြိုလဲမှုကြောင့် ၁၇ ဦး ထက်မနည်း သေဆုံးမှုဖြစ်ပွား ကြောင်းသိရသည်။ ကယ်ဆယ် ရေးလုပ်သားများသည် ဝန်ချီစက် ပြိုလဲမှုကြောင့် ပိတ်မိနေသော အခြားသူများကို ရှာဖွေကယ်ဆယ် ရေးများ လုပ်ဆောင်လျက်ရှိသည်။
မွမ်ဘိုင်းမြို့မှ ၅၀ ကီလိုမီတာ ခန့်အကွာ မဟာရာရှ်ထရာ ပြည်နယ်ရှိ အဝေးပြေးလမ်း တစ်ခုပေါ်တွင် ဇူလိုင် ၃၁ ရက် က အဆိုပါ မတော်တဆမှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်ရပ် ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ များကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်းနှင့် အခြားအများ အပြား ပျောက်ဆုံးနေဆဲဖြစ် ကြောင်း သိရသည်။
ပြည်နယ် အာဏာပိုင်များ အနေဖြင့် ထိုမတော်တဆမှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေး သော်လည်း အသေးစိတ်စုံစမ်း စစ်ဆေးမှုကို စတင်ဆောင်ရွက် ရန် ညွှန်ကြားထားသည်။
အိန္ဒိယဝန်ကြီးချုပ် နာရင် ဒရာမိုဒီက အဆိုပါဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ပြောကြားကာ ကူညီပံ့ပိုးမှုများ လုပ်ဆောင် သွားမည် ဟု ကတိပြုပြောကြား လိုက်သည်။
အင်န်အိတ်ချ်ကေ