အိန္ဒိယနိုင်ငံ၌ နှာခေါင်းအတွင်း အစက်ချ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတည်ပြုပေး

 

နယူးဒေလီ  ဒီဇင်ဘာ   ၂၃
အိန္ဒိယနိုင်ငံ၌  နှာခေါင်းအတွင်း အစက်ချ ကိုဗစ်-၁၉ ကာကွယ် ဆေး iNCOVACC  ကို  ဗဟို အစိုးရက  ဒီဇင်ဘာ   ၂၃   ရက် တွင် အတည်ပြုပေးလိုက်သည် ဟု သိရသည်။ 
အဆိုပါ    ကာကွယ်ဆေးမှာ ဘဟာရက်     ဇီဝနည်းပညာ ကုမ္ပဏီလီမိတက်မှ ထုတ်လုပ် ထားခြင်းဖြစ်သည်။      ယင်း ကာကွယ်ဆေးမှာ လတ်တလော တွင်    ပုဂ္ဂလိကဆေးရုံများ၌ သာ    ရရှိနိုင်ဦးမည်ဖြစ်သည် ဟု အိန္ဒိယပြည်သူ့အသံလွှင့်ဌာန  ပရာဆာဘဟာရတီ    သတင်း ဌာနက ဖော်ပြခဲ့သည်။  
နှာခေါင်းအတွင်း  အစက်ချ ကိုဗစ်-၁၉   ကာကွယ်ဆေးကို အသက်   ၁၈   နှစ်နှင့်အထက်များ ကိုသာ   အသုံးပြုခွင့်ပေးထားသေး သည်။  အဆိုပါကာကွယ်ဆေးကို အိန္ဒိယနိုင်ငံ၏ ဆေးဝါးထိန်းချုပ် ရေးဌာနမှ လွန်ခဲ့သည့်လအတွင်း ထောက်ခံချက်ပေးခဲ့ပြီး   အရေး ပေါ်သုံးစွဲခွင့်အတွက် ခွင့်ပြုပေးခဲ့ ခြင်းဖြစ်သည်။             ဆင်ဟွာ