
နယူးဒေလီ ဩဂုတ် ၂၄
အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင် ကုန်းထူထပ်သည့် ပြည်နယ် ဟီမာချယ် ပရာဒေ့ရှ်တွင် ဩဂုတ် ၂၄ ရက်က မြေပြိုမှုကြီးဖြစ်ပွားခဲ့ပြီး သေဆုံးသူ ရှိ မရှိ မသိရသေး ကြောင်း အစိုးရအဆင့်မြင့်အရာရှိ တစ်ဦးက အတည်ပြုပြောကြား ခဲ့သည်။
မြေပြိုမှုကြီးကြောင့် အဆောက် အအုံအချို့ ပြိုကျမှုဖြစ်ပွားခဲ့ပြီး အဆောက်အအုံအချို့ကို လူ နေထိုင်ရန်မသင့်ဟု ကြေညာခဲ့ ကြောင်း ခရိုင်အတွင်းရှိ အန်နီမြို့ ခရိုင်တရားသူကြီး အက်ရှ်ဝင်နီ ကူမားက ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ကြုံတွေ့ခဲ့သည်။ ယခုလအတွင်း မိုးရွာမှုနှင့် ဆက်စပ်၍ မတော်တဆမှုကြောင့် လူ ၈၀ ကျော် သေဆုံးမှုဖြစ်ပေါ်ခဲ့ သည်။ အိမ်များ၊ စာသင်ကျောင်း များနှင့် ရထားလမ်းများမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်း သို့မဟုတ် လုံးဝပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
ကူလူနှင့် မန်နာလီကို ဆက်သွယ်ထားသည့် အဓိက လမ်းများလည်း ပျက်စီးခဲ့သည့် အတွက် ရာနှင့်ချီသည့် မော်တော် ယာဉ်များ နာရီပေါင်းများစွာ ကြာအောင် စောင့်ဆိုင်းခဲ့ရသည်။
ဆင်ဟွာ