
နယူးဒေလီ ဧပြီ ၁၉
အိန္ဒိယနိုင်ငံတစ်ဝန်း လွန်ခဲ့သော ၂၄ နာရီအတွင်း နောက်ထပ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၂၄၇ ဦးရှိလာမှုနှင့်အတူ ဧပြီ ၁၉ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၄၃၀၄၅၅၂၇ ဦးအထိ တိုးလာ ခဲ့သည်။
ထို့အပြင် ကိုဗစ်-၁၉ ကြောင့် တစ်ဦးထပ်မံသေဆုံးခဲ့သောကြောင့် ကိုဗစ်-၁၉ ဖြင့်သေဆုံးသူပေါင်း ၅၂၁၉၆၆ ဦးအထိရှိလာခဲ့သည်။
လွန်ခဲ့သော ၂၄ နာရီက လတ်တလောကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၁၈ ဦးမြင့်တက်လာမှုနှင့်အတူ အိန္ဒိယနိုင်ငံတစ်ဝန်း လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေသူပေါင်း ၁၁၈၆၀ ရှိလာခဲ့ သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ လွန်ခဲ့သော နှစ်လကျော်ကာလ အတွင်း ကျဆင်းခဲ့သော်လည်း လတ်တလောတွင် ပြန်လည်မြင့်တက် လာခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာလာပြီး ဆေးရုံမှ ဆင်းလာသူပေါင်းမှာလည်း ၄၂၅၁၁၇၀၁ ဦးအထိရှိလာခဲ့သည်။
ဆင်ဟွာ