အိန္ဒိယနိုင်ငံ၌ လတ်တလော  ကိုဗစ် - ၁၉ ကူးစက်ဖြစ်ပွားမှု ပထမဆုံးအကြိမ် ကျဆင်း

 

 

နယူးဒေလီ  မေ  ၃ 
လွန်ခဲ့သော ၂၄ နာရီက အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ  ၂၅၆၈  ဦးရှိကြောင်း ဖော်ပြမှုနှင့်အတူ ‌မေ ၃ ရက်က ကိုဗစ် - ၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၄၃၀၈၄၉၁၃ ဦးအထိ ရှိလာခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်လိုက်သော သတင်းအချက်အလက်များအရ သိရသည်။ 
လတ်တလောကူးစက်မှု
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ  ၄၂  ရာခိုင်နှုန်းနီးပါးမှာ    ဒေလီမှ ဖြစ်ကြောင်း    သတင်းဖော်ပြမှုနှင့်အတူ  လတ်တလောတွင်လည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ၅၇၄၄ ဦးရှိသည်။ 
ထို့အပြင် မေ ၂ ရက် နံနက်ပိုင်းကတည်းက နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၀ ရှိလာခဲ့သောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅၂၃၈၈၉ ဦး ရှိလာခဲ့သည်။ 
ကူးစက်သူဦးရေ ကျဆင်း
နိုင်ငံတစ်ဝန်း လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ၁၉၁၃၇ ဦးရှိပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၃၆၃ ဦးကျဆင်းခဲ့သည်။ လွန်ခဲ့သော သီတင်းပတ် အနည်း ငယ်အတွင်း လတ်တလော  ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားလျက်ရှိသူ ကျဆင်းလာခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ 
ယခုအချိန်အထိ ကိုဗစ်-၁၉ ကပ်ရောဂါမှ  ပျောက်ကင်းသွားပြီး ဆေးရုံမှ ဆင်းလာသူ ၄၂၅၄၁၈၈၇ ဦးရှိသည်။ ၎င်းတို့အနက် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်- ၁၉ ပျောက်ကင်းသွားပြီး ဆေးရုံမှ ဆင်းလာသူ ၂၉၁၁ ဦးပါဝင်သည်။ 
ဆင်ဟွာ