အိန္ဒိယနိုင်ငံ၌ ကိုဗစ်- ၁၉ ထပ်မံအတည်ပြုလူနာ ၄၂၀၁၅ ဦးတိုးလာ

 

နယူးဒေလီ   ဇူလိုင်   ၂၁ 


အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ အတည်ပြုလူနာ ၄၂၀၁၅ ဦး ဇူလိုင် ၂၁ ရက်က  ရှိခဲ့ပြီးနောက်    နိုင်ငံ အတွင်း   စုစုပေါင်း   ကိုဗစ်- ၁၉ အတည်ပြု   ကူးစက်ဖြစ်ပွားသူ ၃၁၂၁၆၃၃၇     ဦးအထိ        ရှိလာ ခဲ့ကြောင်း          ကျန်းမာရေး ဝန်ကြီးဌာန၏       နောက်ဆုံး ထုတ်ပြန်လိုက်သော    သတင်း အချက်အလက်များအရ      သိရ သည်။ 
ထို့အပြင် ကိုဗစ်-၁၉ ကြောင့် ၃၉၉၈ ဦး ထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း  သေဆုံးသူ ၄၁၈၄၈၀ အထိ ရှိလာခဲ့သည်။ 
နိုင်ငံအတွင်း    ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူ    ၄၀၇၁၇၀ ရှိသည်။  လူပေါင်း ၃၀၃၉၀၆၈၇ ဦးကို ကိုဗစ်- ၁၉ ကပ်ရောဂါမှ အောင်မြင်စွာ       ကုသပေးခဲ့ပြီး နောက် ၎င်းတို့သည်   ယခုအခါ ဆေးရုံမှဆင်းသွားပြီဖြစ်သည်။

ဆင်ဟွာ