အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက် ၇၂ ရက်မြောက် ကျဆင်း သို့ရာတွင် ကူးစက်သူအရေအတွက် ၁၀၀၀ အထက်ရှိနေဆဲ

 

နယူးဒေလီ ဧပြီ ၇


အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  ၁၀၃၃ ဦးထပ်မံတွေ့ရှိလာသဖြင့် ဧပြီ ၇ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက် စုစုပေါင်းမှာ ၄၃၀၃၁၉၅၈ ဦးရှိလာပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏   နောက်ဆုံး ထုတ်ပြန်ထားသည့်          အချက်အလက်များအရ သိရသည်။

 


ထို့အပြင် အိန္ဒိယနိုင်ငံ၌ ဧပြီ ၆ ရက် နံနက်ပိုင်းမှ စတင်ကာ ကမ္ဘာအနှံ့ကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ထပ်မံသေဆုံးသူ ၄၃ ဦး ရှိလာသောကြောင့်    ကိုဗစ်-၁၉   ရောဂါကြောင့် သေဆုံးသူအရေအတွက်စုစုပေါင်းမှာ ၅၂၁၅၃၀ ရှိလာပြီဖြစ်သည်။

 


အိန္ဒိယနိုင်ငံ၌   လွန်ခဲ့သော ၂၄ နာရီအတွင်း လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရသူ ၂၃၂ ဦး ကျဆင်းလာသော်လည်း စုစုပေါင်းကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရသူ   ၁၁၆၃၉   ဦးရှိနေဆဲဖြစ် သည်။   အိန္ဒိယနိုင်ငံ၌ လက်ရှိတွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရသူအရေအတွက် ကျဆင်းနေသည်မှာ ၇၂ ရက်မြောက်ရှိပြီ ဖြစ်သည်။

 


အိန္ဒိယနိုင်ငံ၌   လွန်ခဲ့သော  ၂၄  နာရီအတွင်း ကိုဗစ်-၁၉   ကူးစက်ခံရပြီး    ပြန်လည်ကျန်းမာ၍ ဆေးရုံမှ ဆင်းခွင့်ရသူအရေအတွက်မှာ ၁၂၂၂ ဦးရှိလာ သောကြောင့်   စုစုပေါင်း  ပြန်လည်ကျန်းမာလာသူ အရေအတွက်မှာ ၄၂၄၉၈၇၈၉ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။ 


ဆင်ဟွာ