
နယူးဒေလီ နိုဝင်ဘာ ၂၁
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၄၈၈ ဦးရှိပြီး လက်ရှိတွင် ကူးစက်ခံရသူပေါင်း ၃၄၅၁၀၄၁၃ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက် များအရ သိရသည်။
ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၁၃ ဦး ထပ်တိုးလာရာ သေဆုံးသူပေါင်း ၄၆၅၆၆၂ ဦးရှိလာ ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိဆဲလူနာစုစုပေါင်း ၁၂၂၇၁၄ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံ အသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၂၃၂၉ ဦးရှိခြင်းကြောင့် ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၃၃၉၂၂၀၃၇ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်