အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၃ ဒသမ ၂၆ သန်းကျော်ရှိလာ

နယူးဒေလီ    စက်တင်ဘာ  ၁၃


အိန္ဒိယနိုင်ငံ၌      လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၇၂၅၄  ဦးရှိခြင်း ကြောင့်   နိုင်ငံတစ်ဝန်းတွင်   ကိုဗစ်-၁၉   ရောဂါ ကူးစက်ခံရသူစုစုပေါင်း   ၃၃၂၆၄၁၇၅   ဦး  ရှိလာ ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး အချက်အလက်များအရ သိရသည်။


ထို့ပြင်   အိန္ဒိယနိုင်ငံ၌  လွန်ခဲ့သည့်တစ်ရက် အတွင်း  ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၁၉ ဦးရှိသဖြင့်  ကိုဗစ်-၁၉  ရောဂါကြောင့်   သေဆုံးသူ စုစုပေါင်း  ၄၄၂၈၇၄   ဦးရှိလာကြောင်း   အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။


လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့်  ကိုဗစ်-၁၉  ရောဂါကြောင့် သေဆုံးမှု အများဆုံးမှာ      ကီရာလာပြည်နယ်     တောင်ပိုင်းမှ ဖြစ်ကြောင်း သိရသည်။   ထို့ပြင်   အိန္ဒိယနိုင်ငံ၌   ကိုဗစ်-၁၉   ရောဂါပိုးတွေ့ရှိဆဲ   လူနာစုစုပေါင်း   ၃၇၄၂၆၉  ဦးရှိကြောင်း သိရသည်။


အိန္ဒိယနိုင်ငံ၌    လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉    ရောဂါမှ   ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ    ဆင်းခွင့်ရရှိသူ   ၃၇၆၈၇  ဦး ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၃၂၄၄၇၀၃၂ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက  ပြောကြားသည်။                  

ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်