အိန္ဒိယနိုင်ငံ၌ ကိုဗစ် - ၁၉ ကူးစက်ဖြစ်ပွားမှုမှ ပျောက်ကင်းသက်သာပြီး  ဆေးရုံမှ ဆင်းလာသူ ၄၂၅၆၃၉၄၉ ဦးရှိ

 

 

နယူးဒေလီ   မေ   ၁၀ 
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၂၂၈၈ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏  နောက်ဆုံး ထုတ်ပြန်လိုက်သော သတင်းအချက်အလက်များအရ သိရသည်။ 
တစ်ချိန်တည်းတွင်    ကိုဗစ်-၁၉ ကြောင့်   သေဆုံးသူ  ၁၀   ဦး ရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅၂၄၁၀၃ ဦးအထိ ရှိလာခဲ့သည်။ 
ထို့အပြင် နိုင်ငံအတွင်း လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၉၆၃၇ ဦးရှိသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၇၆၆ ဦး ကျဆင်းသွားခဲ့သည်။ 
ယခုအချိန်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပျောက်ကင်း သက်သာပြီး ဆေးရုံမှ ဆင်းလာသူ ၄၂၅၆၃၉၄၉ ဦးရှိလာပြီဖြစ်သည်။
ဆင်ဟွာ