
နယူးဒေလီ ဖေဖော်ဝါရီ ၂၁
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၁၆၀၅၁ ဦး ရှိလာသောကြောင့် ဖေဖော်ဝါရီ ၂၁ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၄၂၈၃၈၅၂၄ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်လိုက်သော အချက် အလက်များတွင် ဖော်ပြထားသည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ဖြင့် ၂၀၆ ဦး ထပ်မံသေဆုံးမှုအပါအဝင် စုစုပေါင်းသေဆုံးသူ ၅၁၂၁၀၉ ဦး ရှိသည်။
အိန္ဒိယနိုင်ငံတွင် လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ၂၀၂၁၃၁ ဦးရှိပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား လျက်ရှိသူ ၂၂၀၅၆ ဦး လျော့နည်းခဲ့သည်။
ယခုလို နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကျဆင်းခဲ့သည် မှာ ၂၈ ရက် ရှိလာပြီဖြစ်သည်။
လွန်ခဲ့သော ၂၄ နာရီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပျောက်ကင်း သွားပြီး ဆေးရုံမှဆင်းလာသူ ၃၇၉၀၁ ဦးအပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွားသူ ၄၂၁၂၄၂၈၄ ဦး ရှိလာပြီဖြစ်သည်။ ဆင်ဟွာ