အိန္ဒိယနိုင်ငံ၌ ၁၀ ရက်အတွင်း ကိုးကြိမ်မြောက် လောင်စာဆီဈေးနှုန်းများ မြင့်တက်

 

နယူးဒေလီ   မတ်  ၃၁ 


အိန္ဒိယနိုင်ငံတွင် ၁၀ ရက်အတွင်း ကိုးကြိမ်မြောက်   လောင်စာဆီ ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ 
လောင်စာဆီ လက်လီဖြန့်ချိ သူများထံမှရရှိသော ဈေးနှုန်းများ အရ အိန္ဒိယနိုင်ငံ မြို့တော်ဒေလီ တွင် ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်း များသည်            တစ်လီတာလျှင်   ၀ ဒသမ  ၈၀   ရူပီးအထိ မြင့်တက် လာခဲ့ကြောင်း သိရသည်။ 

 


အိန္ဒိယနိုင်ငံ   မြို့တော်တွင် ဓာတ်ဆီတစ်လီတာ  ဈေးနှုန်းမှာ ယခုအခါတွင်   ၁၀၁   ဒသမ   ၈၁  ရူပီး (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၅ ဒေါ်လာ)အထိ   မြင့်တက်လာခဲ့ သည်။ ထို့အတူ ဒီဇယ်ကိုလည်း တစ်လီတာလျှင်  ၉၃ ဒသမ ၀၇ ရူပီးဖြင့် ရောင်းခဲ့သည်။ 

 


မွမ်ဘိုင်းရှိ ဓာတ်ဆီနှင့် ဒီဇယ် ဈေးနှုန်းများသည်လည်း တစ်လီ တာလျှင် ၀ ဒသမ ၈၄ ရူပီးအထိ မြင့်တက်လာခဲ့ရာ       ဓာတ်ဆီ တစ်လီတာ   ဈေးနှုန်းမှာ  ၁၁၆ ဒသမ ၇၂ ရူပီးနှင့် ဒီဇယ်တစ်လီ တာ ဈေးနှုန်းမှာ ၁၀၀ ဒသမ ၉၄ ရူပီး အသီးသီးဖြစ်ကြသည်။ 
အခြား အိန္ဒိယမြို့ကြီးများနှင့် ယှဉ်လျှင်    လောင်စာဆီဈေးနှုန်း များသည် မွမ်ဘိုင်းတွင် အမြင့်ဆုံး ဖြစ်ခဲ့သည်။ 

 


ဒေသတွင်း   ပြည်နယ်တစ်ခု နှင့်တစ်ခု မတူညီသည့် အခွန်များ ကြောင့်   လောင်စာဆီဈေးနှုန်း များမှာလည်း တစ်မြို့နှင့် တစ်မြို့ မတူညီဘဲ ကွဲပြားမှုများရှိသည်။ 

 


ရေနံစိမ်းဈေးနှုန်းများ   မြင့် တက်လာသည့်အတွက် တောင် အာရှနိုင်ငံ      တစ်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံတွင်    လွန်ခဲ့သော လေးလအတွင်း      လောင်စာဆီ ဈေးနှုန်းများ         မြင့်တက်လာခဲ့ သည်။                        

 ဆင်ဟွာ