
နယူးဒေလီ ဩဂုတ် ၁၁
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမာချယ်ပရာဒေ့ရှ်ပြည်နယ် ၌ ဩဂုတ် ၁၁ ရက်တွင် ကြီးမားသည့်မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံး ပြီး လူအများအပြားပိတ်မိနေကြောင်း ယနေ့သတင်း များအရ သိရသည်။
ပြိုကျလျက်ရှိသည့် ကျောက်တုံးများကြောင့် ထရပ်ကားတစ်စီး၊ ခရီးသည်တင်ဘတ်စ်ကားတစ်စီး နှင့် အခြားသောယာဉ်များသည်လည်း မြေမြုပ်သွား ခဲ့ကြောင်း ဒေသဆိုင်ရာသတင်းများအရ သိရသည်။
ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာတာဝန်ရှိသူ များသည် ကယ်ဆယ်ရေးလုပ်ငန်းများကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း ဟီမာချယ်ပရာဒေ့ရှ် ပြည်နယ်ဝန်ကြီးချုပ် သာကာက ပြောကြားခဲ့သည်။
လွန်ခဲ့သည့်လများအတွင်းကလည်း အိန္ဒိယ နိုင်ငံ၌ ပုံမှန်မဟုတ်သော မိုးသည်းထန်စွာရွာသွန်း မှုများကြောင့် လူအသေအပျောက်များသည့် မြေပြိုမှု များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ဖြစ်ပွားခဲ့သည့် မြေပြိုမှုအကြောင်းအရင်း အား ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းနှင့် အဆိုပါမြေပြိုမှုသည် ကင်နောခရိုင်ရှိ အဝေးပြေး လမ်းတစ်နေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒေသခံ များ၏ ပြောကြားချက်အရ လူငါးဦးကို ကယ်တင် နိုင်ခဲ့ကြောင်းနှင့် လူ ၃၀ ခန့် ပျောက်ဆုံးနေဆဲဖြစ် ကြောင်း သိရသည်။
ပြီးခဲ့သည့်လကလည်း ဟီမာချယ်ပရာဒေ့ရှ် ပြည်နယ်တွင် ပြိုကျခဲ့သည့် ကျောက်တုံးများက မော်တော်ယာဉ်များပေါ် ကျရောက်ခဲ့ခြင်းကြောင့် လူကိုးဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် မာဟာ ရက်ရှ်ထရာပြည်နယ် အနောက်ပိုင်းတွင် မိုးသည်း ထန်စွာရွာသွန်းမှုမှတစ်ဆင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၃၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား-ဘီဘီစီ
ဘာသာပြန်-အလင်းသစ်