အိန္ဒိယနိုင်ငံမြောက်ပိုင်း၌ အအေးလှိုင်းကျရောက် တစ်နေ့တည်း လူ ၂၂ ဦး သေဆုံး

နယူးဒေလီ   ဇန်နဝါရီ    ၆ 
အိန္ဒိယနိုင်ငံမြောက်ပိုင်း  အက်တာပရာဒေ့ရှ်ပြည်နယ်၌ အအေးလှိုင်းကျရောက်မှုကြောင့် တစ်နေ့တည်း လူ  ၂၂ ဦးထက်မနည်း  နှလုံးရောဂါဖြင့်  သေဆုံးခဲ့ကြောင်း  အရာရှိများက  ဇန်နဝါရီ   ၆  ရက်က ပြောကြားလိုက်သည်။ 
သေဆုံးသူများမှာ        အက်တာပရာဒေ့ရှ် ပြည်နယ် မြို့တော် လက်ခ်နောင်းအနောက်ဘက် ၈၈   ကီလိုမီတာကွာဝေးသော   ကန်ပါဒေသမှ ဖြစ်သည်။ 
ဇန်နဝါရီ  ၅ ရက်က နှလုံးရောဂါသည်ပေါင်း ၇၂၃ ဦးနှလုံးရောဂါဖြင့် ကန်ပါဆေးရုံ၏ အရေးပေါ် ဌာနနှင့် ပြင်ပလူနာဌာနသို့ လာရောက်ခဲ့ကြောင်း လက်မီပက်ဆင်ဂါနီယာအင်စတီကျု နှလုံးရောဂါ ဗေဒနှင့် နှလုံးခွဲစိတ်ဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။ 
အရေးပေါ်ကုသမှုများဆောင်ရွက်နေစဉ် လူနာ ခုနစ်ဦး   သေဆုံးခဲ့ကြောင်းနှင့်  ၁၅  ဦးမှာ ဆေးရုံ ရောက်ချိန်၌   သေဆုံးလျက်ရှိကြောင်း   အဆိုပါ အချက်အလက်များတွင်    ဆက်လက်ဖော်ပြထား သည်။ 
ကန်ပါ၌     အဖြစ်များသော    အအေးလှိုင်း အခြေအနေကြောင့်         သွေးပေါင်ရုတ်တရက် တက်လာပြီး ယင်းက  နှလုံးရောဂါဖြစ်ပွားခြင်းကို     ဖြစ်စေခဲ့သည်ဟု   ဆရာဝန်များက   ယူဆကြသည်။  ကန်ပါ၌    ပြင်းထန်သောအအေးလှိုင်း   ဖြတ်သန်း လျက်ရှိသည်။ 
ဆင်ဟွာ