အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသတစ်ခုလုံး အအေးလှိုင်းကျရောက် မြူများသိပ်သည်းစွာကျ၍ ရထားများသွားလာရေး နှောင့်နှေး

 

နယူးဒေလီ   ဇန်နဝါရီ   ၅


အိန္ဒိယနိုင်ငံ   မြောက်ပိုင်းဒေသ တစ်ခုလုံးကို အအေးလှိုင်းကျရောက် လျက်ရှိကြောင်း အာဏာပိုင်များ က ဇန်နဝါရီ  ၄ ရက်တွင် ပြော သည်။ လာမည့် လေးရက်မှငါးရက် အတွင်း  အိန္ဒိယနိုင်ငံ  အနောက် မြောက်ပိုင်းဒေသ   တစ်ခုလုံးတွင် မြူနှင်းများ      ထူထပ်သထက် ထူထပ်စွာ   ကျဆင်းမည်ဖြစ်ကာ ဆက်လက်အေးနေမည်ဟု အိန္ဒိယ မိုးလေဝသဌာန၏   ပြောကြားချက် အရ သိရသည်။      အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းနှင့်   မဒရာ ပရာဒေ့ရှ်တို့တွင် အနိမ့်ဆုံး အပူ ချိန်မှာ    ၆   ဒီဂရီဆဲလ်စီးရပ်စ်ဟု သိရသည်။

 


ထိုစဉ်    အိန္ဒိယနိုင်ငံမြို့တော် ဒေလီဝန်းကျင်၌ အနိမ့်ဆုံး အပူ ချိန်မှာ  ဇန်နဝါရီ  ၄ ရက် နံနက် တွင် ၄ ဒသမ ၄ ဒီဂရီ ဆဲလ်စီးရပ်စ် ရှိသည်။  မြို့တော်တွင် မြူများ သိပ်သည်းစွာ ကျဆင်းမှုကြောင့် လမ်းနှင့်     ရထားလမ်းများတွင်  သွားလာရာ၌   အနှောင့်အယှက် အဟန့်အတား ဖြစ်နေရသည်။ 

 


မြို့တော်တွင်   တစ်နေရာမှ တစ်နေရာသို့ မြင်နိုင်စွမ်းအားမှာ မီတာ  ၂၀၀   အကွာသာ  ရှိသည်။ ဒေလီမြို့၌ပြေးဆွဲနေသည့် ရထား   ၁၉ စင်းမှာ မြူခိုးများသိပ်သည်းစွာ     ကျဆင်းနေသည့် အခြေအနေ ကြောင့် တစ်နာရီခွဲခန့်မှ လေးနာရီ ခွဲအချိန်ထိ   ခရီးနှောင့်နှေးခဲ့ရ ကြောင်း မီးရထားအာဏာပိုင်များ က ပြောသည်။          

 ဆင်ဟွာ