အိန္ဒိယနိုင်ငံမြောက်ပိုင်း ယမုံနာမြစ်အတွင်း ကူးတို့လှေနစ်မြုပ် သုံးဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ၁၇ ဦးသေဆုံးသွားပြီဟုဆို

နယူးဒေလီ သြဂုတ် ၁၂ အိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်တစ်ခုဖြစ် သည့် ဥတ္တရာပရာဒက်ရှ်ပြည်နယ် မြစ်တစ်ခု တွင် သြဂုတ် ၁၁ ရက်က ကူးတို့လှေ တစ်စင်းနစ်မြုပ်မှုဖြစ်ပွားပြီးနောက် သေဆုံး သူသုံးဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိ ခဲ့ပြီး အခြား ၁၇ ဦးသေဆုံးသွားပြီဟု ယူဆရ ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ လှေနစ်မြုပ်မှုမှ ၁၅ ဦးကို ကယ်ဆယ် နိုင်ခဲ့သည်။ ကူးတို့လှေသည် ပြည်နယ် မြို့တော် လက်ခ်နောင်းတောင်ဘက် ၁၉၅ ကီလိုမီတာခန့်အကွာ ဘန်ဒါခရိုင်ရှိ ယမုံနာ မြစ်ထဲတွင် တိမ်းမှောက်နစ်မြုပ်ခဲ့ခြင်းဖြစ် သည်။ “ဒီနေ့ ဒေသစံတော်ချိန် ၃ နာရီလောက် မှာ ရွာသားတွေကို သယ်ဆောင်လာတဲ့ ကူးတို့လှေဟာ ယမုံနာမြစ်ထဲမှာ နစ်မြုပ်ခဲ့ပါ တယ်။ အခုချိန်ထိတော့ ၁၅ ဦးကို ကယ်ဆယ် နိုင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်မှုတွေကို ဆက်လုပ်နေ တာတောင် ၁၇ ဦး ပျောက်ဆုံးနေဆဲဖြစ် ပါတယ်။ အမျိုးသမီးနှစ်ဦးနဲ့ ကလေးငယ် တစ်ယောက်ရဲ့ရုပ်အလောင်းကိုတော့ ပြန်လည် ရှာတွေ့ခဲ့ပါတယ်” ဟု ဒေသခံ ရဲတပ်ဖွဲ့က ပြောသည်။ ရဲတပ်ဖွဲ့၏ပြောကြားချက်အရ လေပြင်း တိုက်ခတ်မှုကြောင့် လှေဟန်ချက်ပျက် ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ လှေနစ်မြုပ်မှုမှ ရှာဖွေကယ်ဆယ်ခဲ့သော လူ ၁၅ ဦးကို ဆေးရုံတင်ထားကြောင်းနှင့် ၎င်းတို့၏အခြေအနေမှာ တည်ငြိမ်ကောင်းမွန် လျက်ရှိကြောင်း သိရသည်။ ရှာဖွေကယ်ဆယ်မှုများကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ လှေနစ်မြုပ်ချိန်တွင် ကူးတို့လှေပေါ်၌ လူ ၃၅ ဦး စီးနင်းလိုက်ပါလာ ကြောင်း ဒေသခံများက ပြောသည်။ ဆင်ဟွာ