
နေပြည်တော် မတ် ၃၀
အိန္ဒိယနိုင်ငံမှ အိန္ဒိယလေတပ် ပညာရှင် Wg Cdr Savitesh Chandler Mishra ဦးဆောင်သော အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ယနေ့ညနေပိုင်းတွင် လာရောက် ဖူးမြော်ကြည်ညိုကြသည်။
ဦးစွာ အိန္ဒိယနိုင်ငံ အိန္ဒိယ လေတပ်ပညာရှင် Wg Cdr Savi-tesh Chandler Mishra ဦးဆောင် သောအဖွဲ့အား မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဂေါပက အဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တည်ဆောက်ပူဇော်ခြင်း နှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင် ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့သည့် ဗီဒီယိုမှတ်တမ်းများကို ရှင်းလင်း ပြသကြသည်။
ထို့နောက် ဘုရားဖူးအဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ဖူးမြော်ကြည်ညိုကြ ပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ တိုက်များ၊ ဗိသုကာလက်ရာများ ဖြင့် ခမ်းနားထည်ဝါစွာ တည်ထား ပူဇော်ထားသည့် အဂ္ဂါဓိပတိ သာသနာ့ ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိက အဆောက်အဦ များကို ဖူးမြော်လေ့လာ ကြည်ညို ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်