အိန္ဒိယနိုင်ငံ၏ ကျည်ဆန်ရထားအစီအစဉ် အကောင်အထည်ပေါ်လာတော့မည်

 

နယူးဒေလီ    သြဂုတ်   ၃၁ 


အိန္ဒိယနိုင်ငံ၏ အဓိကကျသော အနောက်ပိုင်းပြည်နယ်တစ်ခုသည် မြန်နှုန်းမြင့်ရထား လမ်းဖောက်လုပ် ရာ၌ ကြုံတွေ့နေသော နှောင့်နှေးကြန့်ကြာမှုများကို လျင်မြန်သောအရှိန်အဟုန်ဖြင့် ရှင်းလင်းရန် တွန်းအား ပေးပြီးနောက် ကျည်ဆန်ရထားအစီအစဉ်ကို ရှေ့သို့တွန်းအားပေးအကောင်အထည်ဖော်လျက်ရှိသည်။ 

 


မျှော်မှန်းချက်ကြီးသည့်     ကျည်ဆန်ရထား အစီအစဉ်သည် ရထားလမ်းဖောက်လုပ်ရန် လိုအပ် သော      မြေယာသိမ်းခြင်းပြဿနာများကြောင့် နှစ်ပေါင်းများစွာကြာ နှောင့်နှေးကြန့်ကြာခဲ့ရသည်။ 

 


မြန်နှုန်းမြင့်ရထားလမ်းသည်      ဝန်ကြီးချုပ် နာရိန်ဒရာမိုဒီ၏ ဇာတိပြည်နယ်ဖြစ်သော ဂူဂျာရတ် ၏   အကြီးဆုံးစီးပွားရေးအချက်အချာဖြစ်သည့် အာမက်ဒါဘက်မြို့မှ မွမ်ဘိုင်းအထိ ၅၀၈ ကီလို မီတာ     ရှည်သောခရီးလမ်းကို     သုံးနာရီအတွင်း အရောက်သွားနိုင်မည်ဖြစ်သည်။ 

 


အသစ်ခန့်အပ်လိုက်သော အိန္ဒိယနိုင်ငံ မဟာ ရာရှ်ထရာပြည်နယ်   ဝန်ကြီးချုပ်သည်   သြဂုတ် ၂၉ ရက်က အဆိုပါရထားလမ်းအတွက် လိုအပ်သော မြေနေရာရရှိမှုများကို စက်တင်ဘာလအကုန်တွင် အပြီးသတ်လုပ်ဆောင်သွားရန်      သက်ဆိုင်ရာ တာဝန်ရှိသူများကို ညွှန်ကြားထားသည်။ 

 


မိုဒီ၏အာဏာရ ဘီဂျေပီပါတီသည် အနောက် ပိုင်းပြည်နယ်ခွဲထွက် ရှိဗ်ဆီနာပါတီနှင့် မဟာမိတ် ဖွဲ့ထားသည်။ ယခင်အာဏာရ အတိုက်အခံပါတီ လက်ထက်တွင်  ကျည်ဆန်ရထားစီမံကိန်းသည်    မြေယာပြဿနာများနှင့် ပတ်သက်ခဲ့သည်။ လိုအပ် သော မြေနေရာသိမ်းမှုအပေါ် ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့သည်။ 

 


အမေရိကန်ဒေါ်လာ   ၁၄ ဘီလီယံ ကုန်ကျမည့် အဆိုပါအစီအစဉ်ကို   အဓိက   ဂျပန်ချေးငွေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး   ၂၀၂၆   ခုနှစ်ထက် နောက်မကျဘဲလုပ်ဆောင်သွားရန် စီစဉ်ထားသည်။ 


အင်န်အိတ်ချ်ကေ