
နေပြည်တော် ဇူလိုင် ၂၄
မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အစီအမံများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် Oxygen Concentrators အလုံး ၅၀ ကို အိန္ဒိယနိုင်ငံမှ Khalsa Aid India ဆစ်ခ် လူမှုအဖွဲ့အစည်းက ဇူလိုင် ၂၀ ရက်က အိန္ဒိယနိုင်ငံရှိ မြန်မာသံရုံးသို့ လာရောက် လှူဒါန်းခဲ့ပြီး မြန်မာသံအမတ်ကြီးက လက်ခံခဲ့သည်။
အဆိုပါ Oxygen Concentrators အလုံး ၅၀ ကို ယနေ့တွင် နယူးဒေလီမြို့ မြန်မာသံရုံးမှ မြန်မာ အမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ရာ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက လွှဲပြောင်းလက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်