အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်၌ မုန်တိုင်းဝင်ရောက်မှုကြောင့် ၃၃ ဦး သေဆုံး

 

နယူးဒေလီ    မေ   ၂၂


အိန္ဒိယနိုင်ငံအရှေ့ပိုင်း   ဘီဟာ ပြည်နယ်တွင်   မေ  ၁၉  ရက်က မုန်တိုင်း  ဝင်ရောက်တိုက်ခတ်မှု ကြောင့် လူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မေ ၂၁ ရက်က ပြည်နယ်ဝန်ကြီးချုပ် နီတက်ရှ် ကူးမား၏   ပြောကြားချက်ကို ကိုးကားပြီး ပြည်တွင်းမီဒီယာများ က  ဖော်ပြခဲ့ကြောင်း သိရသည်။

 


မုန်တိုင်းဝင်ရောက်မှုကြောင့် နေအိမ်များစွာ  ပျက်စီးဆုံးရှုံးခဲ့ရ ပြီး အဓိကအားဖြင့်    ကတီဟာ ခရိုင်အပါအဝင် ခရိုင် ၁၆ ခုအထိ ကြီးမားသောပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 


သဘာဝဘေး    ကျရောက်မှု ကြောင့်      သေဆုံးသွားခဲ့သည့် ကျန်ရစ်သူ မိသားစုဝင်များအတွက် ငွေကြေးအကူအညီအဖြစ်    ရူပီး ၄၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၅၁၄၀) ပေးအပ်ရန် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်က ကြေညာခဲ့သည်။

 


မုန်တိုင်းဒဏ်ကြောင့်    သီးနှံ ပျက်စီးမှုများနှင့် နေအိမ်ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် မိသားစုများ ကို အကူအညီပေးရန် လိုအပ်သော ညွှန်ကြားချက်များ    ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 


သဘာဝဘေး   ကျရောက်မှု ကြောင့်       သေဆုံးသွားသူများ အတွက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရိန်ဒြာမိုဒီက ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။            

ဆင်ဟွာ