အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီ ဂူဂျာရက်ပြည်နယ်တွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိ

 

နယူးဒေလီ ဒီဇင်ဘာ ၉


အိန္ဒိယနိုင်ငံတွင်     ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများကို  ကျင်းပရာ  ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ အာဏာရပါတီသည် ၎င်း၏ မွေးရပ်မြေဖြစ်သည့် ဂူဂျာရတ်ပြည်နယ်တွင် မဲအပြတ်အသတ်အနိုင်ရရှိကြောင်း သိရသည်။

 


အဆိုပါရလဒ်သည်  ဝန်ကြီးချုပ်မိုဒီ၏ တတိယအကြိမ်မြောက် အနိုင်ရရှိရန်ရည်ရွယ် ချက်နှင့်အတူ ၂၀၂၄  ခုနှစ်  အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ၎င်း၏ ပါတီအတွက်  ကြီးမားသည့်            တိုးတက်မှုတစ်ခုအဖြစ် တွေ့မြင်ရသည်။

 


ဘာရာတီယာ ဂျနာတာ ပါတီသို့မဟုတ် ဘီဂျေပီသည်   ဂူဂျာရတ်ပြည်နယ်အတွင်း  ၈၅ ရာခိုင်နှုန်းကျော်  နေရာယူထားသည်။ အဆိုပါအရေအတွက်မှာ ၁၉၄၇ ခုနှစ် အိန္ဒိယ နိုင်ငံ  လွတ်လပ်ရေးရရှိသည့်အချိန်မှစကာ အနောက်နိုင်ငံသမိုင်းတွင်         ပါတီထဲမှ အများဆုံးဖြစ်ကြောင်း သိရသည်။

 


အိန္ဒိယနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ကူညီရန် ရည်ရွယ်သည့် ၎င်းအစိုးရ၏ ဖွံ့ဖြိုးတိုးတက်မှု နှင့် စီးပွားရေးမူဝါဒများကို မဲဆန္ဒရှင်များက အသိအမှတ်ပြုကြောင်း  မိုဒီက  ပြောကြား သည်။                            

အင်န်အိတ်ချ်ကေ