အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၌ အဝတ်အထည်ဈေးမီးလောင် ဈေးဆိုင်ပေါင်း ၅၀၀ ကျော်ပျက်စီး

 

 နယူးဒေလီ  မတ်  ၃၁


အိန္ဒိယနိုင်ငံ    ဥတ္တရာပရာဒေ့ရှ် ပြည်နယ်၌   မတ်    ၃၁   ရက် က  မီးအကြီးအကျယ်လောင်မှု ကြောင့် ဈေးဆိုင်ပေါင်း  ၅၀၀ ထက်မနည်း   ပျက်စီးဆုံရှုံးခဲ့ရ သည်ဟု   အာဏာပိုင်များက ပြောသည်။

 


သို့သော်လည်း မီးလောင်မှု ကြောင့်  လူသေဆုံးဒဏ်ရာရရှိ ခြင်းမရှိဟု သိရသည်။  ဥတ္တရာ ပရာဒေ့ရှ်ပြည်နယ် လက်ခနောင်း  မြို့      အနောက်တောင်ဘက် ရှိ    ဘက်စ်မန်ဒီဒေသ    အဝတ် အထည်ဈေးမှ  စတင်မီးလောင်ခဲ့ ခြင်းဖြစ်သည်။    မီးလောင်မှု ကြောင့် ဆိုင်ပေါင်း  ၅၀၀ ထက် မနည်း    ပျက်စီးဆုံးရှုံးခဲ့ရပြီး မီးကူးစက်လောင်မှုမှာ    အလွန် လျင်မြန်သည်ဟု     ရဲများက ပြောသည်။ 

 


မီးလောင်မှု  ဖြစ်ပွားသည် ဟူသော သတင်းကြားပြီးနောက် မီးသတ်ကားပေါင်း   ၁၂   စီးကျော်   လာရောက်ငြှိမ်းသတ်ခဲ့သည်ဟု  သိရသည်။      အခင်းဖြစ်ပွား ရာနေရာတွင်     မီးငြှိမ်းသတ်ရေး လုပ်ငန်းများ   ဆောင်ရွက်ခဲ့ကြ သည်။  ယခုအခါ၌  မီးလောင်မှု ကို   ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်    မီး သတ်ဌာနမှ အရာရှိတစ်ဦးဖြစ်သူ အဂျေးကူးမားက    ပြောသည်။ မီးလောင်မှု       ဖြစ်ပွားရသည့် အကြောင်းကိုမူ မသိရသေးချေ။ 

 


မီးလောင်မှုဖြစ်ပွားစဉ်   ဆိုင် များအားလုံးပိတ်ထားသဖြင့်  လူ သေဆုံးမှုကို ရှောင်ရှားနိုင်ခဲ့ခြင်းဖြစ်ကြောင်း  ရဲက  ပြောသည်။ နာရီပေါင်း        အနည်းငယ်ကြာ မီးလောင်မှုကြောင့် အမေရိကန် ဒေါ်လာသန်းနှင့်ချီသည့် ကုန်ပစ္စည်း များ  ဆုံးရှုံးခဲ့ရသည်ဟု   ဒေသခံ များက ပြောသည်။        

 

ဆင်ဟွာ