အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၌ အုတ်တံတိုင်း ပြိုကျမှုကြောင့် ခုနစ်ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

 

နယူးဒေလီ   ဒီဇင်ဘာ    ၉


အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာ ပရာဒေ့ရှ်ပြည်နယ်၌  အုတ်တံတိုင်း ပြိုကျမှုကြောင့်    ကလေးနှစ်ဦး နှင့် အမျိုးသမီးငါးဦး သေဆုံးခဲ့ပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည် ဟု အာဏာပိုင်များက ဒီဇင်ဘာ ၉ ရက်တွင် ပြောသည်။ 


ဥတ္တရာပရာဒေ့ရှ်    မြို့တော် လက်ခနောင်းမြို့     အရှေ့ဘက် ၃၀၃ ကီလိုမီတာအကွာရှိ  ဂိုစီမြို့ ရှိ     မန်ဒရာပူ  ဆမ်မက်စ်ပူအာ ကျေးရွာတွင် ဒီဇင်ဘာ ၈ ရက်က မင်္ဂလာပွဲအကြို  စီတန်းလှည့်လည် ခြင်းပြုလုပ်စဉ်     ယခုလို    အုတ် တံတိုင်းပြိုကျခဲ့ခြင်း    ဖြစ်သည်။ ဒဏ်ရာရရှိသူများကို အပျက်အစီး များအောက်မှ ဆွဲထုတ်ပြီး ဆေးရုံ သို့       ပို့ဆောင်ပေးခဲ့ကြောင်း အာဏာပိုင်များက   ပြောသည်။ လမ်းကျဉ်းလေးအတွင်း   ဗုံတီး သူများနောက်    အမျိုးသမီးများ စီတန်းလှည့်လည်လာစဉ် အုတ် တံတိုင်း    ပြိုကျခဲ့ခြင်းဖြစ်သည် ဟု   ကင်မရာမှတ်တမ်းအရ   သိရ သည်။ 


အုတ်တံတိုင်းနံရံ ပြိုကျသည် ဟု သတင်းရလျှင်ရချင်း ရဲတပ်ဖွဲ့ နှင့်  သဘာဝဘေးအန္တရာယ်တုံ့ပြန် ရေးအဖွဲ့မှ ကယ်ဆယ်ရေးသမား များ ရောက်ရှိလာပြီး အပျက်အစီး များ ဖယ်ရှားကာ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။    ရဲများက အဆိုပါအခင်းဖြစ်ပွားမှု ကို မှတ်တမ်းတင်ထားပြီး  ဖြစ်ပွား ရသည့်အကြောင်းရင်းကို  စုံစမ်း စစ်ဆေးမှုများ  ပြုလုပ်နေသည်။ 
သေဆုံးသွားသူများ၏ မိသားစု ဝင်များထံ      အမေရိကန် ဒေါ်လာ ၂၃၉၇ ဒေါ်လာစီ ထောက်ပံ့ကြေး ပေးသွားမည်ဖြစ်ပြီး  ဒဏ်ရာရရှိ သူများကို  အမေရိကန်ဒေါ်လာ    ၅၉၉ ဒေါ်လာစီ  ပေးသွားမည်ဟု  ဥတ္တရာပရာဒေ့ရှ် ဝန်ကြီးချုပ် ယိုဂီ အဒစ်ယာနသန် က ပြောသည်။               


ဆင်ဟွာ