
နယူးဒေလီ ဩဂုတ် ၁၂
အိန္ဒိယနိုင်ငံမြောက်ပိုင်း ပြည်နယ် ဖြစ်သည့် ဥတ္တရာခန်း ပြည်နယ်၌ မြေပြိုကျမှု အပိုင်းအစများသည် မော်တော်ကားကို ထိမှန်ရာ ကားအတွင်းမှ လူငါးဦး သေဆုံး ခဲ့ရသည်ဟု ဩဂုတ် ၁၂ ရက်တွင် ရဲများက ပြောသည်။
ဒီဟာဒွန် အရှေ့ပိုင်း ၂၃၀ ကီလိုမီတာအကွာ ရုဒရာ ပရာဂါ ခရိုင်အတွင်း ပဟာထာအနီး အပိုင်းအစများက ကားကို ထိမှန်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ များမှာ ကဒါနက်ဘုရားကျောင်း သို့ ခရီးသွားနေသည့် ဘုရားဖူး များဖြစ်ကြောင်း ရဲများက ပြော သည်။ အဆိုပါကားမှာ ဩဂုတ် ၁၀ ရက် ညပိုင်းကတည်းက မြေပြို ကျမှုအပိုင်းအစများ ထိမှန်ခြင်း ဖြစ်နိုင်ကြောင်း ရဲများက ပြော သည်။ မတော်တဆမှုဖြစ်ပွား သည်ဟု ကြားလျှင်ကြားချင်း ပြည်နယ်သဘာဝဘေး တုံ့ပြန် ရေးအဖွဲ့သားများက ကယ်ဆယ် ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ သည်။
သို့သော်လည်း အဆိုပါ ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကယ်ဆယ် ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရ သည်။ သေဆုံးသူများထဲမှ သုံးဦး မှာ အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရက်ပြည်နယ်မှ ဖြစ်သည်။
ယခုလ အစောပိုင်းကလည်း ဂေါ်ရီခွန်းတွင် မြေပြိုမှု အကြီး အကျယ်ဖြစ်ပွားခဲ့ပြီး လူ ၁၆ ဦး ပျောက်ဆုံးခဲ့သည်ဟု အာဏာပိုင် များက ပြောသည်။
ဆင်ဟွာ