
နယူးဒေလီ ဒီဇင်ဘာ ၁၀
အိန္ဒိယနိုင်ငံ တမီးလ်နာဒူပြည်နယ် တွင် ဆိုင်ကလုန်းမုန်တိုင်း မန်းဒပ်စ်ကြောင့် ဒီဇင်ဘာ ၁၀ ရက်တွင် လေပြင်းများတိုက်ခတ် ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း တို့ဖြစ်ပေါ်ခဲ့သည်။
လေပြင်း တိုက်ခတ်မှုများ ကြောင့် သစ်ပင်များ အမြစ်မှလဲပြို ခြင်း၊ ရေကြီးခြင်းများ ဖြစ်ပေါ် ခဲ့ရာ လူလေးဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။
လူလေးဦးထက် မနည်း သေဆုံးခဲ့ပြီး နေအိမ် ၁၈၁ လုံး ပျက်စီးခဲ့ရသည်။ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ချန်နိုင်းတွင် သစ်ပင် ၄၀၀ ခန့် အမြစ်မှ လဲပြို သွားခဲ့ကြောင်း တမီးလ်နာဒူ ပြည်နယ်ဝန်ကြီးချုပ် အမ်အေ စတာလင်က မီဒီယာများသို့ ပြောသည်။
မုန်တိုင်းဒဏ်ခံ အဆောက် အအုံသို့ တမီးလ်နာဒူပြည်နယ် ဝန်ကြီးချုပ် သွားရောက်ခဲ့ပြီး အစားအသောက်နှင့် ကယ်ဆယ် ရေးပစ္စည်းများ ဖြန့်ဝေခဲ့သည်။
ချန်နိုင်းရှိ မုန်တိုင်းဒဏ်ခံ အဆောက်အအုံသို့လည်း သွား ရောက်ကာ အစားအသောက်များ ဖြန့်ဝေပေးခဲ့သည်။ ဒီဇင်ဘာ ၉ ရက် ညပိုင်းတွင် တမီးလ်နာဒူ ကမ်းရိုးတန်းသို့ ဆိုင်ကလုန်း မုန်တိုင်း ဖြတ်ကျော်ဝင်ရောက် ခဲ့ပြီး လေပြင်းများ တစ်နာရီလျှင် ၇၅ ကီလိုမီတာ တိုက်ခတ်ခဲ့သည်။ အဆိုပါ မုန်တိုင်းမှာ ယခုအခါ လေဖိအားနည်း ရပ်ဝန်းအဖြစ် အားပျော့သွားပြီဖြစ်ကြောင်း သိရ သည်။
ဆင်ဟွာ