
နယူးဒေလီ မတ် ၁၇
အိန္ဒိယနိုင်ငံ ပြည်နယ်ခြောက်ခု၌ ကိုဗစ် -၁၉ ကူးစက်မှုများ တိုးလာသည့်အတွက် ဒေသခံအစိုးရများအနေ ဖြင့် ကြိုတင်ကာကွယ်ရေး၊ ကူးစက်မှုများကို နှိမ်နင်းနိုင်ရေးနှင့် နောက်ထပ်ကူးစက်မှုများမှ တားဆီးနိုင် ရေးတို့အတွက် အကဲဖြတ်မှုများလုပ်ဆောင်သွားရန် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားသည်။
မဟာရက်ရှ်ထရာ၊ ကာနာတာကာ၊ ဂူဂျာရတ်၊ ကီရာလာ၊ တမီးနန်ဒူနှင့် တယ်လင်ဂယ်နာပြည်နယ် တို့သို့ ဗဟိုကျန်းမာရေးဝန်ကြီးဌာနက စာရေးသား ပေးပို့ခဲ့ပြီး ဆေးစစ်ခြင်း၊ ကုသခြင်း၊ ကာကွယ်ဆေး ထိုးခြင်းနှင့် ရောဂါဖြစ်ပွားရာနောက် ခြေရာခံလိုက် ရာတွင် အာရုံစူးစိုက်ကြရန် အကြံပြုထားသည်။
ပြည်နယ်အနည်းငယ်တွင် ကိုဗစ် -၁၉ ကူးစက် မှုမှာ ပြန်လည်မြင့်မားလာပြီး ပြည်တွင်းကူးစက် ပျံ့နှံ့မှု တစ်ဖန်ဖြစ်လာနိုင်ကြောင်း၊ ကာကွယ်ခြင်း နှင့် ကူးစက်မှုကို နှိမ်နင်းရန် ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်အကဲဖြတ်မှုများ လုပ်ဆောင်သွားရန် လိုအပ်သည်ဟု ကျန်းမာရေးဝန်ကြီး ရာဂျက်ရှ်ဘူရှန် က အကြံပြုစာတွင် ရေးသားထားသည်။
မတ် ၁၇ ရက် နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်များအရ အိန္ဒိယနိုင်ငံ၌တစ်ရက် အတွင်း ကိုဗစ် -၁၉ ကူးစက်မှု ၇၉၆ ဦးကို တွေ့ရှိခဲ့ သည်ဟု သိရသည်။ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ လူနာ ငါးဦးတိုးလာသည့်အတွက် ကပ်ရောဂါစတင် သည့်အချိန်မှစတင်ကာ ကိုဗစ်-၁၉ ကြောင့် သေဆုံး သူဦးရေ ၅၃၀၇၉၅ ဦးအထိ ရှိလာခဲ့သည်။
အိန္ဒိယနိုင်ငံ၏ အချို့နေရာအစိတ်အပိုင်းများ တွင် တုပ်ကွေးရောဂါဖြစ်ပွားမှုများလည်း များပြား လျက်ရှိသည်။ အဆိုပါ တုပ်ကွေးရောဂါ၏ ရောဂါ လက္ခဏာများမှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာနှင့် ဆင်တူနေသည်။ လူနာများမှာ ကာလရှည်ကြာ ဖျားနာခြင်း ၊ ချောင်းဆိုးခြင်း၊ အဖျားနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် ကြုံတွေ့နေရ သည်ဟု ညည်းတွားနေကြသည်။
ဆင်ဟွာ