
နယူးဒေလီ မေ ၂၂
လာမည့်ငါးရက်အတွင်း အိန္ဒိယ နိုင်ငံတွင် အပူလှိုင်းအခြေအနေ ဖြစ်ပေါ်လာနိုင်သည့် အတွက် ပြည်နယ်အများအပြားတွင် အနီ ရောင်အဆင့် သတိပေးချက်များထုတ်ပြန်ထားကြောင်း အိန္ဒိယ မိုးလေဝသဌာနက မေ ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပန်ဂျပ်၊ ဟာယာနာ၊ ချန်ဒီဂါ ရက်ဖ်၊ ဒေလီ၊ ရာဂျက်စသန်နှင့် ဥတ္တရာပရာဒေ့ရှ် ၊ မက်ဒ်ယာပရာ ဒေ့ရှ်ရှိ အချို့နေရာများတွင် အပူ လှိုင်းမှ ပို၍ဆိုးရွားသောအပူလှိုင်း ဖြစ်ပေါ်လာနိုင်သည်ဟု မိုးလေ ဝသဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။
ရာဂျက်စသန်၊ ပန်ဂျပ်၊ ဟာယာနာ၊ ချန်ဒီဂါရက်ဖ်၊ ဒေလီ နှင့် ဥတ္တရာပရာဒေ့ရှ်အနောက်ပိုင်း တို့တွင် အနီရောင်အဆင့် သတိ ပေးချက်ထုတ်ပြန်ထားပြီး ဥတ္တ ရာပရာဒေ့ရှ်အရှေ့ပိုင်း၊ ဂူဂျာ ရတ်၊ အနောက်မက်ဒ်ယာပရာဒေ့ရှ် တို့တွင်မူ လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထား သည်။
အနီရောင်အဆင့် ထုတ်ပြန် ထားသည့်ဒေသများတွင် အပူလျှပ် ခြင်းများ၊ အပူကြောင့် ဖျားနာမှု များ အသက်အရွယ်မရွေးဖြစ်ပေါ် နိုင်ပြီး ထိခိုက်ခံစားရနိုင်ချေရှိသည့် သက်ကြီးပိုင်းများအတွက် အထူး ဂရုပြုရန် လိုအပ်ကြောင်း အိန္ဒိယ မိုးလေဝသဌာနက ပြောသည်။ နေရောင်အောက်သွားလာလှုပ်ရှား ခြင်းများ ရှောင်ရှား၍ အေးမြသည့် နေရာတွင်သာ နေထိုင်ကြရန် လည်း မိုးလေဝသဌာန သတိပေး ထားသည်။
ရေလုံလောက်စွာ သောက်သုံး ကြရန်လည်း သတိပေးထားသည်။ အိန္ဒိယရှိ နေရာအစိတ်အပိုင်း အတော်များများမှာ အပူလှိုင်း အခြေအနေနှင့် ကြုံတွေ့ရပြီး အပူချိန်မှာလည်း ၄၅ ဒီဂရီ စင်တီဂရိတ်အထက်တွင် ရှိသည်။
ဆင်ဟွာ