အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အစိုးရဝန်ကြီး L.Susindro Meitei(Yaima)က တမူးမြို့ ပြည်သူ့ဆေးရုံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း

နေပြည်တော်   ဇူလိုင်   ၁၇


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် အိန္ဒိယနိုင်ငံ မိုရေးမြို့ တင်နိုပယ်ခရိုင် မဏိပူရ်ပြည်နယ်အစိုးရဝန်ကြီး      L.Susindro Meitei(Yaima)က စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ ပြည်သူ့ဆေးရုံအတွက်     ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် အောက် ဆီဂျင် လီတာ ၄၀ အိုး အလုံး ၁၀၀၊ အောက်ဆီဂျင် ၁၀ လီတာအိုး အလုံး ၁၀၀၊ လက်သန့်ဆေးရည်ဘူး ၄၇၅ ဘူးနှင့် နှာခေါင်းစည်း ၇၅၀၀၀ တို့ကို ယနေ့ တွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် ဗိုလ်နိုင်ဝင်းလမ်း အနီးရှိ ဟိန္ဒူဘုရားကျောင်းဝင်ပေါက်၌ လာရောက် ပေးအပ်လှူဒါန်းရာ တမူးမြို့ ပြည်သူ့ဆေးရုံရှိ ဆေးရုံ အုပ်ကြီး   ဒေါက်တာသူရက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။                        

 

       သတင်းစဉ်