အိန္ဒိယနိုင်ငံ မဏိပူရ၌ ပေါက်ကွဲမှုများကြောင့် အရေးပါသည့် တံတားတစ်စင်းပျက်စီး

 

နယူးဒေလီ   ဧပြီ   ၂၄
အိန္ဒိယနိုင်ငံ   အရှေ့မြောက်ပိုင်း ပြည်နယ် မဏိပူရ၌  ဧပြီ ၂၄ ရက် က ပေါက်ကွဲမှုသုံးခုထက်မနည်း ဖြစ်ပွားခဲ့သည်ဟု အရာရှိများက ပြောသည်။ 
ယင်းသို့ ပေါက်ကွဲမှုကြောင့် အရေးပါသည့်  တံတားတစ်စင်း ပျက်စီးသွားကြောင်း အာဏာပိုင် များက ပြောသည်။ ဧပြီ ၂၄ ရက် အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး    ကန်ပေါ့ကီခရိုင်ရှိ တံတားတစ်စင်း ပျက်စီးသွားခဲ့ရ သည်။ 
ယင်းသို့   ပေါက်ကွဲမှုကြောင့် အင်ဖာမြို့နှင့်    ဒီမာပူရမြို့တို့ကို ဆက်သွယ်ပေးထားသည့်   အမျိုး သား      အဝေးပြေးလမ်းမကြီး အမှတ် (၂)တွင် ယာဉ်အသွားအလာ များ ထိခိုက်ခဲ့ရသည်ဟု ရဲတပ်ဖွဲ့ ဝင်များက   ပြောသည်။   သို့သော် လည်း ပေါက်ကွဲမှုကြောင့် မည်သူ တစ်ဦး တစ်ယောက်မျှ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း  မရှိချေ။  အခင်းဖြစ်ပွားသည့်    နေရာကို      ရဲများက ပိတ်ဆို့ထားပြီး      အခြား သော     တံတားများကိုလည်း      ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြ သည်။
ယင်းပေါက်ကွဲမှုနှင့်ပတ်သက် ၍  မည်သည့်အုပ်စု၏ လက်ချက် ဖြစ်သည်ကို   ယခုအချိန်အထိ မသိရသေးချေ။ တနင်္လာနေ့ညနေ ပိုင်းကလည်း  ပဋိပက္ခဖြစ်ပွားနေ သည့်   အုပ်စုနှစ်စုကြား စေတနာ့ ဝန်ထမ်းများနှင့်    ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်ဟု   သိရသည်။
နှစ်ဖက်စလုံးက     ပြင်းထန် သည့်လက်နက်များ အသုံးပြုကာ တိုက်ခိုက်ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့ က ပြောသည်။              ဆင်ဟွာ