 
နေပြည်တော် ဇူလိုင် ၁၇
ကိုဗစ်- ၁၉ ရောဂါ   ကာကွယ်၊   ထိန်းချုပ်၊   ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်   အထောက်အကူဖြစ်စေရန် အိန္ဒိယနိုင်ငံ  မိုရေးမြို့ တင်နိုပယ်ခရိုင် မဏိပူရ်ပြည်နယ် အစိုးရဝန်ကြီး L.Susindro Meitei (Yaima) က    စစ်ကိုင်းတိုင်းဒေသကြီး   တမူးမြို့ ပြည်သူ့ဆေးရုံအတွက်          ရောဂါကာကွယ်ရေး   အထောက်အကူပြု    ပစ္စည်းများဖြစ်သည့်  အောက်ဆီဂျင် လီတာ ၄၀ အိုး အလုံး ၁၀၀၊ အောက်ဆီဂျင် ၁၀ လီတာ အိုး အလုံး ၁၀၀၊ လက်သန့်ဆေးရည် ၄၇၅ ဘူးနှင့် ပါးစပ်၊  နှာခေါင်းစည်း ၇၅၀၀၀ တို့ကို ယနေ့တွင် မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်    ဗိုလ်နိုင်ဝင်း လမ်းအနီးရှိ   ဟိန္ဒူဘုရားကျောင်းဝင်ပေါက်၌   လာရောက်ပေးအပ် လှူဒါန်းရာ တမူးမြို့ ပြည်သူ့ဆေးရုံရှိ ဆေးရုံအုပ်ကြီး ဒေါက်တာသူရက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။                        
သတင်းစဉ်
 
      


