
နယူးဒေလီ မေ ၁၁
အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသများ၌ အပူရှိန် လွန်ကဲပြင်းထန်နေချိန် တွင် ရေနှင့်လျှပ်စစ်အသုံးပြုမှုများလာသဖြင့် ရေနှင့် လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပွားလျက်ရှိသည်။
မကြာသေးမီ သီတင်းပတ်က နယူးဒေလီရှိ အပူချိန်သည် ကြောက်စရာကောင်းလောက်အောက် မြင့်တက်လာခဲ့ပြီး ၄၅ ဒီဂရီ ဆဲလ်စီးယပ်အထိ ရောက်ရှိခဲ့သည်။
အဆိုပါအခြေအနေကို အကောင်းဆုံးရင်ဆိုင်ရန်ကြိုးစားနေကြသည်။ ထို့အပြင် နေ့စဉ်နေ့တိုင်း ရေရရှိရန် ပြည်သူအများအပြား တန်းစီစောင့်ဆိုင်းနေကြရသည်။
ယခုနှစ်တွင် နွေရာသီအဝင်စောသည်။ အိန္ဒိယနိုင်ငံသည် ရာစု နှစ် တစ်ခုကျော် အပူပြင်းဆုံး မတ်လကို ရင်ဆိုင်အန်တုလျက်ရှိသည်။
လူများနှင့်အတူ တိရစ္ဆာန်များလည်း ပြင်းထန်သောအပူကို ခံစားနေရသည်။ အနောက်ဘက်မြို့ဖြစ်သည့် ပြွမ်းမြို့ရှိ တိရစ္တာန် ရုံတွင် လေပန်ကာများ၊ ရေဖျန်းကိရိယာများနှင့် ရေအေးစက်များ တပ်ဆင်ထားရသည်။
အပူချိန်သည် လာမည့်သီတင်းပတ်များအတွင်း ကျယ်ဝန်းသည့် ဒေသများတွင် ဆက်လက်မြင့်တက်လာမည်ဖြစ်သောကြောင့် ဒေသ အစိုးရများသည့် အပူဒဏ်ကာကွယ်ရေးအတွက် ဆောင်ရွက်စရာ ရှိသည်များကို ဆောင်ရွက်လျက်ရှိသည်။
အင်န်အိတ်ချ်ကေ